မြန်မာနိုင်ငံကိုပို့ဆောင်မည့် ဒရုန်း ၆၀ ထိုင်းရဲဖမ်းဆီး


(နိုင်ငံတကာ) ဩဂုတ် ၁၂

မြန်မာဘက်တွင်နေထိုင်သူထံသို့ပို့ဆောင်မည့် မောင်းသူမဲ့ ဝေဟင်ယာဉ် (ဒရုန်း) UAV အမှတ်တံဆိပ် X-UAV မော်ဒယ် Talon အစီး ၆၀၊ မောင်းသူမဲ့ လေယာဉ်သုံးစီး (ဒရုန်း) DJI Mavic ၂ စီး၊ DJI ဘက်ထရီ ၃၅ လုံး နှင့် UAV မော်တာ ၄၆ လုံးကို ထိုင်းရဲတပ်ဖွဲ့များမှ ဩဂုတ် ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တာ့ခရိုင် မဲဆောက်မြို့အနီးရှိ ရွာအမှတ် 10၊ ဟွေးယိုကျေးရွာ ဟွေယားဥကျေးရွာအုပ်စုလုံခြုံရေးစစ်ဆေးရေးဂိတ်တွင် ထိုင်းအာဏာပိုင်များနှင့် လုံခြုံရေးအဖွဲ့များမှ ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားများကိုရပ်တန့် စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယင်းကဲ့သို့ စစ်ဆေးစဉ် Toyota အမှတ်တံဆိပ် မီးခိုးရောင်ယာဉ်အတွင်းမှ လေကြောင်းစက်ကိရိယာများ တွေ့ရှိခဲ့ပြီး မောင်းသူမဲ့ လေယာဉ် (ဒရုန်း)၊ UAV နှင့် ဘက်ထရီများ အများအပြားကို ဖမ်းဆီးရမိသဖြင့် စစ်ဆေးရာ ယာဉ်မောင်းက တာ့ခရိုင် မဲဆောက်မြို့သို့ပို့ရန် ပိသနုလောက်မြို့AT ဂိုဒေါင်မှ ကုန်ပစ္စည်းများကို သယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

Phra That Pha Daeng ရွာ၊မဲဆောက်မြို့၊တပ်ခရိုင်သို့ ရောက်ရှိသည့်အခါ ပို့ဆောင်မည့်နေရာကို အကြောင်းကြားမည်ဖြစ်ပြီး အထုပ်လက်ခံရရှိသူ မစ္စတာမုတ်သနာဖန်က သူသည် ပိုင်ရှင်ထံပေးပို့ရန် ပါဆယ်ထုပ်ကို လက်ခံရယူရန် ကြားခံတစ်ဦးသာဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

AMT #PAN