မန်စီးတီးအသင်း ကွန်မြူနတီဒိုင်းချန်ပီယံ အဖြစ်အောင်ပွဲခံ

သြဂုတ် ၁၁

      ဩဂုတ်လ ၁၀ ရက်က ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ  မန်စီးတီးအသင်းက မန်ယူအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

      နှစ်သင်းလုံးက လူစာရင်းအပြည့်အစုံနဲ့ ပွဲထွက်လာခဲ့ကြပြီး ပွဲကစားချိန်မှာ အကြိတ်အနယ်ရှိခဲ့ကြပါတယ်။ မန်ယူအသင်းက ပွဲချိန် ၈၂ မိနစ်မှာ ဂါနာချို ရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန် ၈၉ မိနစ်မှာ ဆေးဗားစ် က မန်စီးတီးအသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့တာကြောင့် တစ်ဖက်တစ်ဂိုးစီနဲ့ ပွဲချိန်အတွင်း သရေရလဒ် ဖြစ်ပေါ်ခဲ့ပါတယ်။

      ဆက်လက်ပြီး ပင်နယ်တီအဆုံးဖြတ်ခံယူရာမှာ မန်စီးတီးအသင်းက မန်ယူအသင်းကို ၇ ဂိုး၊ ၆ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ကွန်မြူနတီဒိုင်းချန်ပီယံဖြစ်လာခဲ့ပါတယ်။

#PAN