ရုရှားက ခု(စ်)ဒေသကို နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေကြေညာ


(ပြည်တွင်း)ဩဂုတ် ၁၀

ယူကရိန်းတပ်ဖွဲက ရုရှားနိုင်ငံပိုင် ခု(စ်)ဒေသကို ကျူးကျော်တိုက်ခိုက်ရန် ကြိုးပမ်းမှုများကြောင့် ရုရှား အစိုးရက ထိုဒေသကို နိုင်ငံတော်အဆင့် အရေးပေါ် အခြေအနေ ကြေညာလိုက်ကြောင်း သိရသည်။

ယူကရိန်းတပ်ဖွဲများသည် ခု(စ်)ဒေသကို ဩဂုတ်လ ၆ ရက်မှစ၍ ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင် လာခြင်းဖြစ်သော်လည်း ရုရှားတပ်ဖွဲ့များက ထိုကျူးကျော်မှုကို ရပ်တန့်စေခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သို့သော် ထိုဒေသရှိ အချိုသောနယ်မြေများ၌ ယူကရိန်းတပ်ဖွဲများ ရှိနေသေးသောကြောင့် ခု(စ်)ဒေသကို နိုင်ငံတော်အဆင့် အရေးပေါ်အခြေအနေ ကြေညာရခြင်းဖြစ်သည်ဟု ရုရှားအရေးပေါ်ဝန်ကြီးဌာန၏ ဩဂုတ်လ ၉ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုကဲ့သို့ အရေးပေါ်အခြေအနေ သတ်မှတ်ပြဋ္ဌာန်းလိုက်သည့်အတွက် ယူကရိန်းတို၏ ကျူးကျော် မှုကြောင့် သေဆုံးသွားသူများ၏ ဆွေမျိုးများ ဒဏ်ရာရရှိသူများ၊ ပိုင်ဆိုင်မှုဆုံးရှုးသူများအနေဖြင့် ရုရှားအစိုးရထံမှ ထောက်ပံ့ငွေရရှိမည်ဖြစ်သည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ပြင် ဝန်ကြီးဌာနသည် ခု(စ်)ဒေသသို စားနပ်ရိက္ခာ ၃၅ တန်၊ သောက်ရေ ၁၀ တန်၊ လျှပ်စစ်ဓာတ်အားပေး စနစ် ၁၀ လုံးတို့ကို ထောက်ပံ့ပေးထားပြီး ဖြစ်သော်လည်း ထောက်ပံ့မှုများ ထပ်မံပေးအပ်သွားမည်ဟု ဆိုသည်။ လက်ရှိတွင် ယာယီကယ်ဆယ်ရေးစခန်း ၂၅ ခုကို ဖွင့်လှစ်ထားပြီး ကလေးငယ် ၅၂၀ ခန့်အပါအဝင် ပြည်သူ ၂,၀၀၀ ကျော်ကို နေရာချထားပေးနိုင်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ