စလင်းမြို့မရဲစခန်း Drop Bonb ဖြင့်တိုက်ခိုက်ခံရ

(ပြည်တွင်း) ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊စလင်းမြို့မရဲစခန်းအား PDF အကြမ်းဖက်သမား များမှ ယနေ့ သြဂုတ် ၁၀ ရက်နေ့ ၆ နာရီ ၁၅ မိနစ်အချိန်တွင် Drop Bonb ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် PDF များ၏ Drone ယာဉ်သည် ရဲစခန်းအနောက်မြောက် ၁မိုင်ခန့်အကွာ အမြင့်ပေ ၁၀၀၀ ခန့်မှ Drop Bomb (၂)လုံးပစ်ချခဲ့ရာ ရဲစခန်းဝင်းအတွင်းသို့ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“Drop Bonb နဲ့လာပစ်တာတော့ဟုတ်တယ်။ ၁ လုံးပဲကွဲတယ် ထိခိုက်သေဆုံးမှုတော့မရှိဘူး” ဟု ဒေသခံတစ်ဦးမှ PAN ကိုပြောသည်။

PDF အကြမ်းဖက်များ ပစ်ခတ်သည့် Drop Bomb မှာ ရဲစခန်းအတွင်းရှိ (၆)ခန်းတွဲ(၂)ထပ်အဆောက်အဦး၏ အရှေ့ဘက်ပေ(၂၀၀)ခန့်အကွာ၊ စခန်းရုံးနှင့် ပေ၁၅၀ခန့်အကွာ အုန်းပင်အနီးကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

#PAN