ယင်းမာပင်က ဘန့်ဘွေးရွာမကို အပြီးသိမ်းပိုက်နိုင်ရေးအတွက် ဗိုလ်သံမဏိအဖွဲ့ ၃ ရက်ဆက်တိုက် တိုက်ခိုက်

(ပြည်တွင်း) ဩဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ ဘန့်ဘွေးရွာ အပြီးသိမ်းပိုက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတဲ့ အကြမ်းဖက် PDF အဖွဲ့ခေါင်းဆောင် ဗိုလ်သံမဏိဦးဆောင်တဲ့အဖွဲ့ဟာ ဘန့်ဘွေးရွာကို ဩဂုတ် ၇ ရက်နေ့ကနေ ဩဂုတ် ၉ ရက်နေ့ထိ အဆက်မပြတ် တိုက်ခိုက်နေကြောင်း သိရပါတယ်။

ဘန့်ဘွေးရွာကို သိမ်းပိုက်ရရှိနိုင်ရေး အကြမ်းဖက် PDF အင်အား ၄၀၀ ဦးခန့်ဟာ ဩဂုတ်လ ၇ ရက်နေ့မနက် ၁၁ နာရီခန့်က ဘန့်ဘွေးရွာမအထိုင် ပြည်သူစစ်ပူးပေါင်းလုံခြုံရေးအဖွဲ့ကို စတင်တိုက်ခိုက်လာရာ ညနေ ၄ နာရီထိ ထိတွေ့တိုက်ပွဲပြင်းထန်းခဲ့ကြောင်းနဲ့ ည ၈ နာရီခန့်မှာ အကြမ်းဖက် PDF အဖွဲ့ဟာ ဘန့်ဘွေးရွာအတွင်းကို ထိုးဖောက်ဝင်ရောက်ကာ ရွာရဲ့တောင်ဘက်ပိုင်းကို မီးရှို့ဖျတ်ဆီးခဲ့ကြတယ်လို့ ဒေသခံတစ်ချို့က ပြောပါတယ်။

နောက်တစ်နေ့ ဩဂုတ်လ ၈ ရက်နေ့ ညနေပိုင်းက ယင်းမာပင်အနောက်ခြမ်း အကြမ်းဖက် PDFအဖွဲ့ဝင်တွေ၊ ကနီမြို့နယ်က အကြမ်းဖက် PDF အဖွဲ့ဝင်အင်အား ၁၀၀၀ ခန့်ဟာ ကျေးရွာအနီးသို့ ချဉ်းကပ်လာပြီး ကျေးရွာအတွင်းကို ထိုးစစ်ဆင် ပစ်ခတ်တာတွေကို လုပ်ဆောင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပစ်ခတ်မှုအစီအစဉ်မှာ မအောင်မြင်ခဲ့ကြောင်း သိရသည််။

ဒါ့ကြောင့် နောက်တစ်နေ့ဖြစ်တဲ့ ဒီကနေ့ ဩဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းက စတင်ကာ အကြမ်းဖက် PDF အဖွဲ့ဝင်အင်အား အများအပြားဟာ ဒရုန်းဗုံးတွေကို အသုံးပြု၍ ထိုးစစ်ဆင်လာနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အကြမ်းဖက် PDF ဘက်က ဒရုန်းတွေနဲ့ ရေသောက်ကန်တောပြင်၊ မဲဇောတောတိုက်တို့မှ နေပြီး ဘန့်ဘွေးရွာအထိုင်တပ်စခန်းကို စီးနင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်အဖွဲ့တွေဟာ စစ်ကူစစ်ကြောင်းလာနိုင်မယ့် ကွေ့ချောင်းရွာမုံရွာ-ယာကြီး-ကလေးဝလမ်းမှာ လက်နက်ကြီးတပ်ဆင် နေရာယူထားကြောင်းနဲ့ ၎င်းတို့အဖွဲ့ဟာ မဲဇောတောတိုက် (ဘန့်ဘွေးမြောက်ရွာ၏ မြောက်ဘက်)၊ လက်ပန်ရွာ ၊ နဘူးတောရွာ ၊ကွေ့ချောင်းရွာ၊ သကြားစက်ရွာ၊ ကံစုရွာတွေကို အခြေပြု လှုပ်ရှားဆောင်ရွက်နေကြတာဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဘန့်ဘွေးရွာ အပြီးသိမ်းပိုက်နိုင်ရေးအတွက် အကြမ်းဖက် PDF အဖွဲ့ဟာ ပြည်သူ့စစ်အထိုင်စခန်းကို ၅ ရက်ဆက်တိုက် တိုက်ခိုက်၍ သိမ်းယူမည်ဟု ကြွေကြော်ကာ တောက်လျှောက် တိုက်ခိုက်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

#PAN