အပြင်ကွင်းကလေးကျေးရွာအနီးမှ KNU/PDF စခန်းကို တပ်မတော်စစ်ကြောင်းက သိမ်းပိုက်ရရှိဟုဆို


(ပြည်တွင်း) ဩဂုတ် ၉

မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ကျေးရွာအုပ်စု၊ အပြင်ကွင်းကလေးကျေးရွာအနီးရှိ KNU တပ်မဟာ (၆) လက်အောက်ခံ အကြမ်းဖက် KNU/PDF များ အခြေပြုတပ်စွဲထားသော ရန်သူ့စခန်းအား သြဂုတ်လ ၈ ရက်၊ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် တပ်မတော်စစ်ကြောင်းမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ရန်သူအင်အား ၅၀ ခန့် တပ်စွဲထားသော စခန်းသိမ်းတိုက်ပွဲအတွက် မိနစ် ၂၀ ခန့်သာ ကြာမြင့်ခဲ့ပြီး လုံခြုံရေးအဖွဲ့ဝင် ၂ ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက် KNU/PDF တို့မှာ အထိနာထွက်ပြေးသွားခဲ့သည်ဟု သိရသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း အသက် ၂၅ နှစ်အရွယ် အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ AK-47 ၁ လက် ကျည်အိမ် ၂ ခု၊ ၎င်း ကျည် ၅၀ တောင့်၊ လက်လုပ်မိုင်း ၉ လုံး၊ သစ်လုံးဘန်ကာ ၅ လုံး၊ ၁ ယောက်ပစ်ကျင်း ၂၀ ကျင်း၊ ၂ ယောက်ပစ်ကျင်း ၁၀ ကျင်း၊ ၃ ယောက်အိပ်တဲ ၈ လုံး၊ ပုခက် ၆ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMT #SZ