JLPT စာမေးပွဲအတွက် ယခုလအတွင်း လျှောက်ထားရမည်


(ပြည်တွင်း) ဩဂုတ် ၇

၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာကျင်းပမယ့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT အတွက် လျှောက်လွှာတွေကို အခုဩဂုတ်လအတွင်း လျှောက်ထားရမှာဖြစ်တယ်လို့ JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း MAJA က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်နဲ့မန္တလေး နှစ်မြို့စလုံးအတွက် အွန်လိုင်းစနစ်လျှောက်လွှာတွေကို N1 နဲ့ N2 Level အတွက် ဩဂုတ်လ ၁၄ ရက်၊ ၁၅ ရက်နဲ့ ၂၆ ရက်၊ N3 Level အတွက် ဩဂုတ်လ ၁၆ ရက်၊ ၁၉ ရက်နဲ့ ၂၇ ရက်၊ N4 Level အတွက် ဩဂုတ်လ ၂၀ ရက်၊ ၂၁ ရက်နဲ့ ၂၈ ရက်၊ N5 Level အတွက် ဩဂုတ်လ ၂၂ ရက် နဲ့ ၂၃ ရက်တွေမှာ လက်ခံ သွားမှာဖြစ်ပြီး ဝက်ဘ်ဆိုက်ထဲမှလည်း ဝင်ရောက်လျှောက်ထားနိုင်တယ်လို့ ဆိုထားပါတယ်။

သင်တန်းကျောင်းတွေအတွက်ကိုတော့ ရန်ကုန်မှာ တစ်ကျောင်းကို လျှောက်လွှာအစောင်ရေ ၁၀၀ ရောင်းချပေးသွားမှာဖြစ်ပြီး မန္တလေးမှာ တစ်ကျောင်းကို လျှောက်လွှာအစောင်ရေ ၅၀ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလျှောက်လွှာတွေကို ဩဂုတ်လ ၁၂ ရက်နဲ့ ၁၃ ရက်တိုမှာ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်စာဖြေဌာနအတွက် လျှောက်လွှာတွေကို ဩဂုတ်လ ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်၊ ၁၉ ရက် နဲ့ ၂၀ ရက်တိုမှာ ပြန်လည်လက်ခံသွားမှာဖြစ်ပြီး မန္တလေးစာဖြေဌာနအတွက် ဩဂုတ်လ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ပြန်လည်လက်ခံသွားမှာ ဖြစ်ပါတယ်။

အွန်လိုင်းစနစ်နဲ့ သင်တန်းကျောင်းတွေအတွက် လျှောက်လွှာရောင်းချတာ၊ ပြန်လည်လက်ခံတာတွေကို တော့ အသေးစိတ်ထပ်မံကြေညာပေးသွားမှာဖြစ်ပြီး ရဟန်းတော်၊ ရှင်သာမဏေ၊ သီလရှင်နဲ့ ၁၀ နှစ်အောက် ဖြေဆို သူတွေအတွက် လျှောက်လွှာရောင်းချတာနဲ့ ပြန်လည်လက်ခံတာတွေကိုတော့ Level အားလုံးအတွက် ဩဂုတ်လ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ