ပုလဲမြို့နယ် ကန်ဒေါင့်ကျေးရွာအနီး အကြမ်းဖက် PDF အလောင်း လက်နက်နှင့် ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း) ဩဂုတ် ၆

ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ကျေးရွာအနီး လုံခြုံရေးအဖွဲ့များ နယ်မြေရှင်းနေစဉ် အကြမ်းဖက် PDF များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်အလောင်းနှင့် ၎င်းတို့၏လက်နက်ခဲယမ်းများရရှိကြောင်း သိရသည်။

ယင်း ထိတွေ့ပစ်ခတ်မှုမှ အကြမ်းဖက် PDF ၁ လောင်း၊ အမ်-၂၂ သေနတ် ၁ လက်၊ အမ်-၂၂ ကျည် ၂၀ တောင့်၊ ကျည်အိမ် ၂ ခု တို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

Telegram»…
https://t.me/positiveanglenews

PAN

GE #SZ