စက်သုံးဆီတင်သင်္ဘောများ စဉ်ဆက်မပြတ် ဝင်ရောက်လျက်ရှိ


(ပြည်တွင်း) ဩဂုတ် ၂

စက်သုံးဆီတင်သင်္ဘောများ စဉ်ဆက်မပြတ် ဝင်ရောက်နေတဲ့အတွက် ရက်ပိုင်းအတွင်း အဆင်ပြေစွာ ဖြန့်ဖြူး ပေးနိုင်မယ်လို မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ဩဂုတ်လ ၁ ရက်မှာ ထုတ်ပြန် ထားတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စက်သုံးဆီကိစ္စများနှင့်ပတ်သက်ပြီး သတင်းမှားတွေ ဖြန့်ချိတာတွေကြောင့် ရန်ကုန်မြို့ အပါအဝင် မြို့ကြီးအချိုရဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ သာမန်မဟုတ်ဘဲ ဝယ်လိုအားတွေ အထူးမြင့်တက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် မိုးကြီးတဲ့ကာလဖြစ်တာကြောင့် ဆီတင်ကားများအနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရန် သတိပြု မောင်းနှင်ကြတာကြောင့် ပုံမှန်အချိန်ထက် ပိုကြန့်ကြာခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်တွေမှာ စက်သုံးဆီများ ယာယီပြတ်လပ်မှုတွေ ကြုံတွေ့ခဲ့ရတယ်လို ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် မတည်ငြိမ်တဲ့ဒေသများမှ ပြောင်းရွှေ့လာသူတွေကလည်း မြို့ကြီးတွေကို ရောက်ရှိလာတဲ့အတွက် စက်သုံးဆီလိုအပ်ချက်တွေက မြို့ကြီးတွေမှာ ပိုမိုခဲ့တယ်လိုလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သီလဝါရှိ စက်သုံးဆီသိုလှောင်ကန်တွေမှာလည်း စက်သုံးဆီလုံလောက်စွာ ရှိတဲ့အပြင် နိုင်ငံခြားမှ စက်သုံးဆီ တင်သွင်းလာတဲ့ သင်္ဘောတွေလည်း စဉ်ဆက်မပြတ် ဝင်ရောက်နေတယ်လို ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ဒါကြောင့် စက်သုံးဆီပိုမိုလျင်မြန်စွာ ဖြန့်ဖြူးပေးနိုင်ဖို လိုအပ်ချက်တွေကို ပူးပေါင်းညှိနှိင်းဆောင်ရွက်နေပြီး စက်သုံးဆီ များကို ပြန်လည်ချောမွေ့စွာဖြင့် ရက်ပိုင်းအတွင်းဖြန့်ဖြူးပေးနိုင်မှာ ဖြစ်တယ်လိုလည်း ထုတ်ပြန်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ