ဗင်နီဇွဲလားရွေးကောက်ပွဲတွင် အတိုက်အခံတွေ အနိုင်ရကြောင်း အမေရိကန်ပြော


(နိုင်ငံတကာ) ဩဂုတ် ၂

မကြာသေးမီက ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အတိုက်အခံများ အနိုင်ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်မှပြောကြားခဲ့သည်။

လက်ရှိသမ္မတ နီကိုးလက်စ် မာဒူရိုက အနိုင်ရကြောင်းကြေညာထားသော်လည်း မဲအများဆုံးရသူမှာ အတိုက်အခံပါတီမှ ဂွန်ဇာလက်သာဖြစ်ကြောင်း ဘလင်ကင်က ရှင်းရှင်းလင်းလင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပခဲ့သည့် အဆိုပါရွေးကောက်ပွဲတွင် လက်ရှိသမ္မတ မာဒူရိုက ၃ ကြိမ်မြောက် အနိုင်ရကြောင်း ရွေးကောက်ပွဲကောင်စီက ထုတ်ပြန်ခဲ့ပြီး ၎င်းကြေညာချက်ကို အတိုက်အခံပါတီမှ ကန့်ကွက်ထုတ်ပြန်ခဲ့သည်။

မာဒူရိုက ၎င်းတို့ရွေးကောက်ပွဲတွင် နိုင်ငံခြားအစိုးရများ ဝင်ရောက်စွက်ဖက်သည်ဟု ယခင်က ပြောဆိုခဲ့သူဖြစ်ပြီး ယခုအခါ မက္ကဆီကို၊ ဘရာဇီးနှင့် ကိုလံဘီယာနိုင်ငံများကလည်း ရွေးကောက်ပွဲ အချက်အလက်များ ထုတ်ပြန်ပေးရန် တောင်းဆိုလျက်ရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ