တိုက်စစ်မှူး ရက်ရှ်ဖိုဒ် အကောင်းဆုံးပုံစံ ပြန်လည်ရရှိနိုင်ရန် နစ္စတယ်ရွိင်း ကူညီပေးနေ


(အားကစား) ဩဂုတ် ၂

မန်ယူနည်းပြ တန်ဟက်ဂ် က အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖိုဒ် အနေနဲ့ အကောင်းဆုံးပုံစံကို ပြန်လည်ရရှိလာလိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ လက်ထောက်နည်းပြသစ် နစ္စတယ်ရွိင်း က ကူညီပေးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

နစ္စတယ်ရွိင်း အနေနဲ့ မန်ယူအသင်းကို ပြောင်းရွှေ့လာတာက တိုက်စစ်မှူးတွေအတွက်သာ မဟုတ်ဘဲ အခြားကိစ္စရပ်တွေကိုပါ ကူညီဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ရပ်ရှ်ဖိုဒ် အနေနဲ့က ကိုယ့်ကိုယ်ကို သက်သေပြနိုင်ဖို့တော့ လိုအပ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကလို ၂၀၂၂-၂၃ ရာသီမှာ ပြိုင်ပွဲစုံတွင် သွင်းဂိုး ၃၀ အထိ သွင်းယူနိုင်တဲ့ ခြေစွမ်းမျိုးကို ပြန်လည်လုပ်ပြနိုင်လိမ့်မယ်ဆိုတာ ယုံကြည်တယ်လို့ ပြောခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ