ဂါဇာတွင် အစ္စရေး၏တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၄၀၀၀၀ နီးပါးသေဆုံးခဲ့


(နိုင်ငံတကာ) ဩဂုတ် ၁

ဂါဇာကမ်းမြောင်ဒေသတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေး၏တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၅ ဦးအထိသေဆုံးခဲ့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သေဆုံးသူအများအပြားသည် အဆောက်အဦး အပျက်အစီးများ၏ အောက်တွင် ရှိနေဆဲဖြစ်ပြီး လူနာတင်ယာဉ်များ အရပ်ဘက်ကူညီစောင့်ရှောက်သူများ ဆောင်ရွက်ရန် မလွယ်ကူကြောင်းသိရသည်။

ရက်ပေါင်း ၃၀၀ ဝန်းကျင်အကြာ အစ္စရေးစစ်တပ်၏ ပါလက်စတိုင်းဒေသအတွင်း တိုက်ခိုက်မှုများတွင် အရပ်သား ၃၉၄၈၀ ဦးအထိသေဆုံးခဲ့ပြီး ၉၁၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ