နောင်ချို၊ ကန်ကြီး၊ ကျောက်မဲ တိုက်ပွဲသတင်း


(ပြည်တွင်း) ဇူလိုင် ၃၀

ရှမ်းပြည်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ရန်အောင်မြင်ဘုရားကုန်း နှင့် နောင်ချိုမြို့နယ်၊ ရေဖြူကျေးရွာတို့တွင် တပ်မတော် နှင့် TNLA / အကြမ်းဖက်ပူးပေါင်းအဖွဲ့များ ယမန်နေ့က ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရန်သူများ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်း သိရှိရသည်။

ရှမ်းပြည်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ရန်အောင်မြင်ဘုရားကုန်းသို့ TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၈၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားခဲ့ရကြောင်း၊ အလားတူ နောင်ချိုမြို့နယ်၊ ရေဖြူကျေးရွာအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်ဘက် မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်သူ့နေရာများဖြစ်သည့် ရေဖြူဘုန်းကြီးကျောင်းနှင့် ဘုရားကုန်း ၂ ခုတို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

၎င်းဖြစ်စဉ်တွင် ရန်သူဘက်မှ ထိခိုက်ကျဆုံးမှုများရှိပြီး ၎င်းတို့ သေဆုံးအလောင်းနှင့် ထိခိုက်ဒဏ်ရာရသူများအား ဆွဲယူကာ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး၊ ၎င်းတို့ မဆွဲယူနိုင်ဘဲ ကျန်ရစ်ခဲ့သည့် ကျောက်မဲမြို့ ၊ ရန်အောင်မြင်ဘုရားကုန်း ဖြစ်စဉ်မှ TNLA အလောင်း ၁ လောင်း၊ လက်နက် ၁ လက် သိမ်းဆည်းရမိခဲ့ပြီး၊ နောင်ချိုမြိုနယ် ရေဖြူကျေးရွာဖြစ်စဉ်မှ ရန်သူ့ အလောင်း ၁ လောင်း၊ အမ်(၂၂) ၁ လက်တို့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

SZ