မြို့သစ်မြို့နယ်၊ ပုတီးကုန်းအုပ်စု အုပ်ချုပ်ရေးမှူးတို့ သားအဖ ၂ ဦး အား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်၍ ရွှေ၊ ငွေ ဖုန်းများ ယူဆောင်သွား


(မှုခင်း) ဇူလှိုင် ၁၉

မကွေးတိုင်းဒေသကြီ၊ မြို့သစ်မြို့နယ်၊ ပုတီးကုန်းအုပ်စု အုပ်ချုပ်ရေးမှူးတို့ သားအဖ ၂ ဦး အား အကြမ်းဖက် PDF အဖွဲ့မှ သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ ဇူလိုင် ၁၈ ရက်နေ့ နေ့လည် ၃ နာရီအချိန်ခန့်တွင် အကြမ်ဖက် PDF အဖွဲ့မှ ရွာသားဟန်ဆောင်၍ ထောက်ခံစာ လိုချင်ကြောင်ပြောကာ ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦး ၏ ဦးခေါင်းအား သေနတ်ဖြစ် တေ့ကာ ပစ်သတ်ခဲ့ပြီး အသက် ၂၈ နှစ်အရွယ်ရှိ အုပ်ချုပ်ရေးမှူး၏သားဖြစ်သူ မောင်ဝေဇော်ထွန်း အားလည်း သတ်ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။

၎င်း အကြမ်ဖက် PDF အဖွဲ့သည် အုပ်ချုပ်ရေးမှူး သားအဖ ၂ ဦးအား သတ်ဖြတ်ပြီးနောက် အိမ်အတွင်းမှ ဆွဲကြိုး၊ လက်စွပ် နှင့် တယ်လီဖုန်းများ ယူဆောင် သွားခဲ့ကြကြောင်း၊ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦး မှာ ပြည်ခိုင်ဖြိုး ပါတီဝန်ရံသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ