မြစ်ကြီးနားမြို့ခံ ပြည်သူများ၏အသံများ


(ပြည်တွင်း)ဇူလိုင် ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ပြည်ထောင်စုလမ်းမကြီးပေါ်မှ ရပ်ကွက်အတွင်းသို့ဝင်သောလမ်းသွယ်တွင် ရက်ကွက်အတွင်းနေလူထုအချို့မှ စည်းကမ်းမဲ့စွာဖြင့် ၎င်းတို့၏စားကြွင်းစားကျန်များနှင့် ပလပ်စတစ်အမှိုက်အများအပြားကို လာရောက်စွန့်ပစ်ထားကြခြင်း​ကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် မြေမြင့်ရပ်ကွက်၊ လမ်းသွယ် (၁၁)တွင် ရေကြီးရေလျှံပြီးနောက်ပိုင်း ထိုအမှိုက်များမှထွက်သည့် အနံ့အသက်ဆိုးများမခံမရပ်နိုင်အောင်ဖြစ်နေကြောင်း သက်ဆိုင်ရာမှလာရောက်ရှင်းလင်းသည့်တိုင် ရပ်ကွက်နေထိုင်သူများအပြင် မလီဇွပ်ကိုယ်ပိုင်ဆေးရုံ၊ ကြက်သားလုပ်ငန်းရုံများမှ အမှိုက်ထုပ်များကို သတ်မှတ်ချိန်အတွင်းမဟုတ်သည့်အချိန်များ၌ စည်းကမ်းမဲ့လာရောက်ကာစွန့်ပစ်နေသဖြင့် သက်ကြီးရွယ်အိုများ ကျန်းမာရေးမကောင်းသူများသည် ထိုအနံ့အသက်ဆိုးများကြောင့် ရေရှည်တွင် ရောဂါအခြေအနေပိုမိုခံစားလာနိုင်ကြောင်း၊ သက်ဆိုင်ရာမှလိုအပ်သလို အပြစ်ပေးဒဏ်ပေးစနစ်ဖြင့် ​စည်းကမ်းတကျကြပ်မတ်ဆောင်ရွက်ပေးစေလိုသည်ဟု ဒေသခံများထံမှ အကူအညီတောင်းခံလာပါကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများ သိစေရန်တောင်းဆိုလာပါသည်။

#PAN