အောင်မြေသာစံမြို့နယ် မရမ်းခြံဆိပ်ကမ်းတွင် အကြမ်းဖက်အဖွဲ့စည်းနှင့် စပ်နွယ်နေသည့် အမျိုးသမီးတစ်ဦးဖမ်းဆီးရမိ


(ပြည်တွင်း)ဇူလိုင် ၁၉
မန္တလေးတိုင်းဒေသကြီး ၊ အောင်မြေသာစံမြို့နယ်၊သီရိမာလာအနောက်ရပ်ကွက်၊၂၂လမ်းနှင့်၂၆ လမ်း ကြား၊ကမ်းနားလမ်းရှိ မရမ်းခြံဆိပ်ကမ်းတွင် ဆိုက်ကပ်လျက်ရှိသော စက်လှေများ၊သင်္ဘောများပေါ်တွင် အကြမ်းဖက်အဖွဲ့အစည်းနှင့်ပတ်သက်ဆက်နွယ်နေသူများ စိမ့်ဝင်လာမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေစစ်ဆေးခဲ့ရာ ယနေ့နံနက်၁၁နာရီခွဲအချိန်ခန့်က မတ္တရာမြို့နယ်၊ဒေါင်းကျွန်းကျေးရွာနှင့် မန္တလေးသို့ ပြေးဆွဲသည့် ဗိုလ်အောင် ရေယာဉ်မော်တော်ပေါ်တွင် လိုက်ပါလာသည့် မထက်မြတ်နိုးဦး(ခ)မနိူးနိူးအား စစ်ဆေးရှာဖွေခဲ့ရာ ၎င်းကိုင်ဆောင်သည့် Infinix Note 30 မိုးပြာရောင်၊ဖုန်းအမှတ် 09-942206073 ဖြင့် လွန်ခဲ့သော ၂၀၂၄ ခုနှစ်၊၂လပိုင်းခန့်က ၎င်း၏ သူငယ်ချင်း ပြင်ဦးလွင်ခရိုင်၊တပ်ရင်း(၁)တွင် အကြမ်းဖက် PDF အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသော သော်ဇင်ဦး(ခ)သော်သော်အား ဆက်သွယ်ပြောဆိုခဲ့ကြောင်း၊ထပ်မံ၍ PDF အကြမ်းဖက်အဖွဲ့ဝင် Htet Gyi (အမည်အရင်းမသိ)နှင့် ၂၀၂၄ ခုနှစ်၊၂လပိုင်း အတွင်းတွင်ပင် Tiktok အကောင့်မှ ရင်းနှီးခဲ့ပြီး သမီးရည်းစားဖြစ်ကာ မထက်မြတ်နိုးဦး(ခ)မနိုးနိုးမှ ၎င်းအသုံးပြုသည့် Tiktok “@kgmalay 01 6 အကောင့်ဖြင့်လည်းကောင်း၊Sunako အကောင့်တို့မှလည်းကောင်း၊Htet gyi အသုံးပြု သည့် Tiktok “htet.gyi9046 အကောင့်ဖြင့်လည်းကောင်း Viber အကောင့် Candy အကောင့်ဖြင့်လည်းကောင်း ပြောဆိုဆက်သွယ်ခဲ့မှုများနှင့် ၁၆-၇-၂၀၂၄ ရက်နေ့တွင် မထက်မြတ်နိုးဦး(ခ)မနိုးနိုးသည် မန္တလေးမြို့မှအပြန် ဒင်္ဂါးကျွန်းတွင် လုံခြုံ ရေး တပ်ဖွဲ့ဝင်များမှ ပိတ်ဆို့စစ် ဆေးနေသည်ကို Viber မှတဆင့် Htet gyi ထံသို့ “ခွေးတွေခြေရှုပ်နေတာ စစ်နေလို့”ဟု စာပေးပို့ခဲ့မှု အားစစ်ဆေးတွေ့ရှိခဲ့သဖြင့် PDF အကြမ်းဖက်အဖွဲ့ဝင်များ ဖြစ် ကြောင်းသိလျက်နှင့် သတင်းပေးရန် ပျက်ကွက်ခဲ့သူ မထက်မြတ်နိုးဦး(ခ)နိုးနိုး၊၁၉နှစ်၊(ဘ)ဦးအောင်ကျော်ဦး၊ဒေါင်းကျွန်းကျေးရွာ၊ မတ္တရာမြို့နယ်နေသူအား အောင်မြေသာစံမြို့နယ်၊အမှတ် (၅)မြို့မရဲ စခန်းမှ (ပ)၁၂၁/၂၀၂၄၊ အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(က)ဖြင့် အမှုဖွင့်အရေးယူထားပြီး ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

#PAN