ရုရှားနှင့် ဆက်ဆံရေး ပြန်လည်စတင်ရန် ဟန်ဂေရီဝန်ကြီးချုပ် ဥရောပကိုတိုက်တွန်း


(နိုင်ငံတကာ) ဇူလိုင် ၁၈

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်သည် ရုရှားနှင့် ဆက်ဆံရေး ပြန်လည်စတင်ရန် ဥရောပသမဂ္ဂကိုတိုက်တွန်းခဲ့ကြောင်းသစိရသည်။

အော်ဘန်သည် ယူကရိန်း၊ ရုရှား၊ တရုတ်နှင့် တူကီယေးနိုင်ငံများသို့ သွားရောက်ခဲ့ပြီးနောက် ၎င်း၏ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ရှိချက်များအား အကျဉ်းချုပ် ဖော်ပြခဲ့သည်။

စစ်ပွဲကို အားပေးသည့် အမေရိကန်၏ မူဝါဒနှင့် သမ္မတဘိုင်ဒန် ဝေဖန်ခဲ့သည့်အပြင် ငြိမ်းချမ်းရေးလုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

ယူကရိန်းနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေးစကားဝိုင်းများတွင် တရုတ်အား ဖိတ်ကြားခြင်း၊ ရုရှားနှင့်ဆက်ဆံရေးအား ပြန်လည်စတင်ရန် ဥရောပသမဂ္ဂအား တိုက်တွန်းခဲ့သည်။

Telegram
https://t.me/positiveanglenews/22224

PAN

AMK #SZ