ဘန်ကောက်ရှိ ဇိမ်ခံဟိုတယ်တစ်ခုတွင် လူသေ အလောင်း ၆ လောင်းတွေ့ရှိ


(နိုင်ငံတကာ) ဇူလိုင် ၁၈

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဇိမ်ခံဟိုတစ်ခုတွင် သေဆုံးနေသော အလောင်း ၆ လောင်းအား ဒေသ ရဲတပ်ဖွဲ့ဝင်များ တွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့အာဏာပိုင်များက အဆိုပါအမှုသည် လူသေမှုမဟုတ်ပဲ လူသတ်မှုဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

သေဆုံးသူများသည် ဓာတုဗေဒပစ္စည်းများ ပါဝင်သည့် အဖျော်ယမကာများ သောက်သုံးမိခဲ့၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

သေဆုံးသူများသည် ဗီယက်နိုင်ငံသား ၄ ဦး ဗီယက်နမ် အမေရိကန် နှစ်ဦးဖြစ်ပြီး မျိုးရိုးနာမည်များ ဆင်တူနေခြင်းကြောင့် ဆက်စပ်မှုရှိနိုင်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာဗီဆင်ကိုယ်တိုင် လာရောက်ခဲ့ပြီး သေဆုံးမှုနှင့်ပတ်သက်ပြီး မီဒီယာများအား တွေ့ဆုံပြောကြားခဲ့သည်။

Telegram
https://t.me/positiveanglenews/22224

PAN

AMK #SZ