ချမ်းအေးသာစံအလယ်ရပ်ကွက်ရှိ ရွှေရာစု လယ်ယာသုံးစက်ပစ္စည်း အရောင်းဆိုင်တွင် ဖုန်စုပ်စက်အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား


(ပြည်တွင်း) ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအလယ်ရပ်ကွက်၊ ၂၇ လမ်း၊ ၈၂×၈၃လမ်းကြားရှိ ရွှေရာစု လယ်ယာသုံး စက်ပစ္စည်းအရောင်းဆိုင် တတိယထပ်တွင် ယနေ့နံနက် ၅ နာရီ ၃၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

​မီးလောင်မှုဖြစ်စဥ်မှာ ဦးအိုက်စံ၊ အသက် ၆၃ နှစ်၊ (ဘ)ဦးခင်စုပညာ၊ ပိုင်ဆိုင်သော ရွှေရာစု လယ်ယာသုံး စက်ပစ္စည်းအရောင်းဆိုင် တတိယထပ်တွင် ဖုန်စုပ်စက်အားသွင်းထားရာမှ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ၅၀၀၀၀၀ ကျပ်ခန့်ဖြစ်ကြောင်း၊ မီးပေါ့ဆစွာ သုံးစွဲသူ ဦးအိုက်စံအား အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ