ဟန်ဂေရီဝန်ကြီးချုပ် အာဘန် တရုတ်နိုင်ငံသို့သွားရောက်


(နိုင်ငံတကာ) ဇူလိုင် ၈

ဟန်ဂေရီဝန်ကြီးချုပ် အော်ဘန်သည် မမျှော်လင့်ပဲ တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိခဲ့ပြီး သမ္မတရှီနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

ဗစ်တာအော်ဘန်သည် တရုတ်သမ္မတရှီ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို ထောက်ခံခဲ့ပြီး ယူကရိန်းနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေးကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဟန်ဂေရီနိုင်ငံသည် ယခုလတွင် ဥရောပသမဂ္ဂ၏ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေပြီး ဝန်ကြီးချုပ်ဗစ်တာအော်ဘန်က ပြီးခဲ့သည့်ရက်ပိုင်းက ရုရှားသမ္မတပူတင်အား သွားရောက်တွေ့ဆုံခဲ့ခြင်းကြောင့် ဥရောပခေါင်းဆောင်အချို့၏ ဒေါသနှင့်ရင်ဆိုင်ခဲ့ရသည်။

အော်ဘန်သည် ရုရှား-ယူကရိန်း ပဋိပက္ခအား ကြားဝင်ဖြေရှင်းရန်ကြိုးပမ်းနေပြီး ပြီးခဲ့သည့် သတင်းပတ်ကလည်း ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇယ်လန်းစကီးအားသွားရောက်တွေ့ဆုံခဲ့ပြီး ယခုတရုတ်ခရီးစဉ်အပြန်တွင်လည်း အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ