မွမ်ဘိုင်းတွင် မိုးသည်း ထန်စွာသွန်းမှုကြောင့် လေကြောင်းခရီးစဉ် ၅၀ ကျော်ဖျက်သိမ်းရ


(နိုင်ငံတကာ) ဇွန် ၈


အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တွင် မိုးသဲထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုများကြောင့် လေကြောင်းခရီးစဉ် ၅၀ ကျော်ကို ဖျက်သိမ်းခဲ့ရကြောင်းသိရသည်။
ဇူလိုင်လ ၇ ရက်နေ့မှစတင်ကာ မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး စာသင်ကျောင်းများပိတ်ထားရသလို ရထားဝန်ဆောင်မှုများလည်း ရပ်ဆိုင်းထားရကြောင်းသိရသည်။
မိုးလေဝသဌာနများက မိုးအသင့်အတင်မှ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်းထုတ်ပြန်ထားပြီး အဝါရောင်အဆင့် သတိပေးချက်ကိုလည်း ထုတ်ပြန်ထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ