အရက်အလွန်အကျွံသောက်ထားသည့် အမျိုးသားတစ်ဦး ချောင်းဖြတ်ကူးစဥ် ရေနစ်သေဆုံး


(မှုခင်း) ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုးရောင်ကျေးရွာအုပ်စု၊ ကျုံခရိုင်ကျေးရွာတွင် အရက်အလွန်အကျွံသောက်သုံးထားသည့် အမျိုးသားတစ်ဦး ချောင်းဖြတ်ကူးစဥ် ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ၆.၇.၂၀၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကျုံခရိုင်ကျေးရွာနေ ဦးမောင်မောင်မြင့်၊ (ဘ)ဦးတင်လှ၊ အသက် ၄၃ နှစ်သည် နေ့စဥ်အရက်အလွန်အကျွံသောက်သုံးသူဖြစ်ကာ နေအိမ်မှ သစ်တိုက်ရန် ချောင်းတဖက်ကမ်းရှိ သစ်စက်သို့သွားခဲ့ကြောင်း၊ အပြန်တွင်အရက်မူးသည့် အရှိန်ဖြင့်ချောင်းကို ဖြတ်ကူးစဥ်ရေနစ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရေနစ်သေဆုံးသူ ဦးမောင်မောင်မြင့်အား ကျေးရွာသူကျေးရွာသားများ၊ ဆွေမျိုးများမှ လိုက်လံရှာဖွေခဲ့ရာ ယနေ့ နံနက် ၆ နာရီခန့်တွင် ကွင်းကြီးကျေးရွာအုပ်စု၊ အခကျေးရွာ ချောင်းအဖျားပိုင်းရှိ ပိုက်ချက်အထက်နားတွင် လူသေအလောင်းတွေ့ရှိကြောင်းသတင်းအရ သွားရောက်ကြည့်ရှုစဥ် ရေနစ်သေဆုံးသူ ဦးမောင်မောင် အလောင်းဖြစ်နေသည်ကို တွေ့ရှိရကြောင်း၊ ယင်းအလောင်းအား အုပ်ချုပ်ရေးအဖွဲ့နှင့် ဆွေမျိုးများမှဆယ်ယူပြီး ရွာသို့သယ်ဆောင်လာခဲ့ကြောင်း သတင်းရရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ