(ကျန်းမာရေး) ဇူလိုင် ၇

သင်္ဘောသီးကို စားသုံးခြင်းကြောင့် ဗီတာမင်များစွာ ရရှိစေပြီး အသားအရည်ကိုလည်း စိုပြေလှပစေပါတယ်။ သင်္ဘောသီးမှာ ဗီတာမင် အေ၊ စီ၊ အီ နဲ့ ဗီတာမင်ကေ စတဲ့ ဗီတာမင်ဓာတ်များစွာပါဝင်ပြီး ကိုယ်ခန္ဓာအတွက်ကောင်းမွန်တဲ့ ဓာတ်တွေဖြစ်တဲ့ မက်ဂနီစီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လိုရိုတင်း၊ ပရိုတင်း၊ အမျှင်ဓာတ် နဲ့ papain enzyme တွေပါဝင်ပါတယ်။ ဒါ့အပြင် နောက်ထပ်များစွာသော ကောင်းကျိုးတွေကိုလည်း ပေးစွမ်းပါသေးတယ်။

သင်္ဘောသီးက အမည်းစက်တွေနဲ့ အမာရွတ် တိုကိုသက်သာပျောက်ကင်းစေပါတယ်။ အရေးအကြောင်းတွေ ဖြစ်ပေါ်ခြင်းကိုလည်း သက်သာစေပါတယ်။
သင်္ဘောသီးမှာ antioxidant တွေ ပါဝင်တာကြောင့် မျက်နှာတစ်ဝိုက်မှာ ရှိနေတဲ့ အရေးအကြောင်းတွေကို ဖြေဖျောက်ပေးပါတယ်။ ဗီတာမင်စီဓာတ် ပါဝင်တာကြောင့်လည်း အသားအရည် မညီညာခြင်းကို ထိန်းညှိပေးတဲ့အပြင် အသားအရည်အစိုဓာတ်ကိုထိန်းညှိပေးကာ အသားအရည်ကိုလည်း ကြည်လင် စေပါတယ်။
ဆဲလ်သေတွေကိုလည်း ပြန်လည်ရှင်သန်စေပါတယ်။ အဲဒါကြောင့် အသက် ၂၀ ကျော် အမျိုးသမီးတိုင်း သင်္ဘောသီးကို ပုံမှန်စားသုံးပေးခြင်းနဲ့ အသားအရည်ပေါ်မှာ ညှင်သာစွာပွတ်တိုက်ပေးခြင်း စတဲ့ လုပ်ဆောင်ချက် တွေကို မပျက်မကွက် လုပ်ဆောင်ပေးသင့်ပါတယ်။
ဒါ့အပြင် သင်္ဘောသီးကို အရည်ဖျော်(ပျစ်ပျစ်)ပြီး အသားကွဲ၊ အသားပတ်သောနေရာတွေမှာ ပုံမှန်လိမ်းပေးပါက လျင်မြန်စွာသက်သာစေပါတယ်။
သင်္ဘောသီးက ဆံပင်ကိုကျန်းမာသန်စွမ်းစေပြီး ဗောက်ကိုလည်း ပျောက်စေပါတယ်။ သင်္ဘောသီးက ဝက်ခြံ ထွက်ခြင်းကို လျှော့ချပေးပါတယ်။
သင်္ဘောသီးမှာပါဝင်တဲ့ papain enzyme ကတော့ အသားအရည်ကို ကောင်းမွန်စွာ ချေးချွတ်သန့်စင်ပေးတာကြောင့် အညစ်အကြေးတွေစုပြီး ဖြစ်ပေါ်လာတဲ့ ဝက်ခြံတွေ မဖြစ်နိုင်စေဖို ကာကွယ်ပေး ပါတယ်။
အဲဒါကြောင့် ဝက်ခြံကင်းသော အသားအရည်ကိုပိုင်ဆိုင်နိုင်ရန် သင်္ဘောသီးနဲ့ ပန်းသီးတိုကို ရောပြီး ဖျော်လိုက်ပါ။ အဲဒီနောက် မျက်နှာပြင်အနှံလိမ်းပေးပါက ကောင်းမွန်တဲ့ ရလဒ်ကိုတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
Webpage >>…
https://positiveanglenews.com/2024/06/26/ကင်ညာပါလီမန်အား-ဝင်ရောက/
VK Link>>…
https://vk.com/wall-220066330_6873
Telegram>>…
https://t.me/positiveanglenews