“မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရဲ့ Facebook Page အတုပြုလုပ်ကာ ငွေကြေးလိမ်လည်မှုများရှိနေ”
(ပြည်တွင်း)ဇူလိုင်၅
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ Facebook Page ပုံစံအတုပြုလုပ်ကာ ဆန်မှာယူသူများအပေါ် ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)က ဇူလိုင်လ ၄ ရက်မှာ သတိပေး ထုတ်ပြန်ထားပါတယ်။
MRF ရဲ့ အသိပေးထုတ်ပြန်ချက်မှာ အသင်းချုပ်အနေနဲ့ ဇွန်လ ၂၅ ရက်တွင် ပေါ်ဆန်မွှေးဆန်များအား အိမ်အရောက်ပိုစနစ်နဲ့ ဖြန့်ဖြူးရောင်းချပေးမည့် အစီအစဉ်သတင်းထုတ်ပြန်ချက် (၄/၂၀၂၄) အသိပေးချက် အပေါ်မသမာသူများက Facebook Page အတုများဖွင့်လှစ်ကာ ဆက်သွယ်မှာကြားရန် ဖုန်းနံပါတ်များကို ပြင်ဆင်ပြီး ဆန်ဝယ်ယူရန် စုံစမ်းမှုများကို ငွေကြေးလိမ်လည် လက်ခံနေကြောင်း သိရှိရတယ်လို ရေးသားဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ Facebook page အစစ်အမှန်မှာ Blue Mark ရရှိထားပြီး Like(65K) နှင့် Follower (80k) ရှိကြောင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ သတင်းထုတ်ပြန်ချက်(၄/၂၀၂၄) အသိပေးချက်မှာ ပါရှိတဲ့ Viber နှင့် ဖုန်းနံပါတ်များဖြစ်သော 09-400067240/ 09-400067250/09-400067260 တိုကို ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်းနှင့် ငွေပေးချေရာတွင် Myanmae Rice Federation (MRF) Incorporated အမည်နဲ့ ဖွင့်လှစ်ထားတဲ့ KBZ Pay၊ AYA Pay ၊ A+Wellet တိုကိုသာ ဆောင်ရွက်ကြရန် အသိပေးချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ Facebook account အတုများနဲ့ လိမ်လည်ထုတ်ပြန်ထားရှိမှုများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ဆန်ရောင်းချခြင်း အစီအစဉ်နှင့် ပတ်သက်ပြီး လိုအပ်ချက်၊ အကြံပြုချက်၊ မေးမြန်းရန်အချက်များရှိပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို ဆက်သွယ်နိုင်ကြောင်း သတိပေးထုတ်ပြန်ထားပါတယ်။

#PAN