ကန့်ဘလူခရိုင်နှင့်ရွှေဘိုမြို့သို့ ဆက်သွယ်ထားသော မြစ်ကြီးနားကားလမ်းပေါ်ရှိ တံတားကို အကြမ်းဖက်KIA/PDF အဖွဲ့က မိုင်းခွဲဖျက်ဆီး


(ပြည်တွင်း)ဇူလိုင် ၅

ယနေ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်နှင့်ရွှေဘိုမြို့သို့ ဆက်သွယ်ထားသော မြစ်ကြီးနားကားလမ်းပေါ်ရှိ တံတားကို အကြမ်းဖက်KIA/PDF အဖွဲ့က မိုင်းခွဲဖျက်ဆီးသွားကြောင်းသိရသည်။

ကန့်ဘလူမြို့နှင့်စပါယ်နံ့သာကြားရှိ ရှစ်မိုင်သံတံတားကို အကြမ်းဖက်PDFအဖွဲ့များကမိုင်းခွဲဖျက်ဆီးလိုက်သည့်အတွက်လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားကြောင်းသိရသည်။

ယခုလို တံတားအား မိုင်းခွဲဖျက်ဆီးလိုက်သည့်အတွက် ကန့်ဘလူတခရိုင်လုံးရှိလုပ်သားပြည်သူများစားဝတ်နေရေးအခက်အခဲများဖြစ်ပေါ်ပြီး စက်သုံးဆီများပြတ်လတ်သွား၍ ဒေသတွင်းပြည်သူများ အခက်ကြုံကာ နိုင်ငံတော်အနေဖြင့် တရားဥပဒေစိုးမိုးရေးမိုပိုဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံများထံမှ သိရသည်။

#PAN

SAMSUNG CAMERA PICTURES