ဟားမတ်စ်တိုက်ခိုက်မှုခံရသူများမှ အီရန်၊ ဆီးရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့အား အမေရိကန်တွင် တရားစွဲဆို


(နိုင်ငံတကာ) ဇူလိုင် ၁

ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုကို ခံခဲ့ရပြီး သေဆုံးခဲ့သည့် မိသားစုဆွေမျိုး ၁၀၀ ကျော်သည် အီရန်၊ ဆီးရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့အား အမေရိကန်တရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်းသိရသည်။

တရားစွဲဆိုသူများသည် ဟားမတ်စ်အဖွဲ့အား နစ်နာကြေးအဖြစ် ဒေါ်လာ ၄ ဘီလီယံအား တောင်းဆိုခဲ့ကြောင်းလည်းသိရသည်။

အီရန်၊ ဆီးရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် ဟားမတ်စ်အဖွဲ့အား စစ်ရေးနှင့် နည်းဗျူဟာဆိုင်ရာ အထောက်အပံ့များ ပေးနေသည်ဟု စွပ်စွဲကာ ပြီးခဲ့သည့် တနင်္လာနေ့တွင် ဖြစ်ပွားခဲ့သည့် တရားစွဲဆိုမှုတွင် လျော်ကြေးငွေ ၁ ဘီလီယံနှင့် နစ်နာကြေး ၃ ဘီလီယံကို တောင်းခံခဲ့ခြင်းဖြစ်သည်။

အဆိုပါ တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး အီရန်၊ ဆီးရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ ကုလသမဂ္ဂဆိုင်ရာ သံတမန်များမှ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၈၀၀၀ နီးပါးသေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သော် လည်း အစ္စရေး၏အဆိုပါလုပ်ရပ်အား အမေရိကန်အပါအဝင် အနောက်နိုင်ငံများမှ နှုတ်ဆိတ်နေခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ