ကော့သောင်းမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမျိုးသမီး တစ်ဦး မြေပိသေဆုံး


(ပြည်တွင်း) ဇွန် ၂၅

ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ မနော်ဟရီ(၆)လမ်းတွင် ယနေနံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်တစ်လုံးပေါ်သို့ မြေပြိုကျရာမှ အမျိုး သမီးတစ်ဦး မြေပိသေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ မြေပိသေဆုံးသူ ဒေါ်စန်းစန်းအေး၊ အသက် ၃၇ နှစ်၊ (ဘ)ဦးအဒူလာခင်၏ အလျား ၂၀ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၂ ပေရှိ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း နေအိမ်နောက်ဖေးမှ မြေပြိုကျရာ မီးဖိုဆောင် အလျား ၇ ပေခန့် ပြိုကျလာသဖြင့် ထမင်းချက်နေသည့် ဒေါ်စန်းစန်းအေးမှာ မြေပိသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ