ကိုပါအမေရိကဖလားပြိုင်ပွဲကို လွဲချော်သွားတဲ့ အက်ဆွန်အယ်ဗာရက်ဇ်


(အားကစား) ဇွန် ၂၅

မက္ကဆီကိုအသင်းနှင့် ဂျမေကာအသင်းတို့ ကစားခဲ့တဲ့ ကိုပါအမေရိကဖလား အုပ်စုအဖွင့်ပွဲစဉ်မှာ မက္ကဆီကိုအသင်းခေါင်း‌ဆောင် အက်ဆွန်အယ်ဗာရက်ဇ် ဟာ တံကောက်ကြောဒဏ်ရာရှိခဲ့တာကြောင့် လာမယ့် ပွဲစဉ်များမှာ လွဲချော်တော့မယ်လို့ သိရပါတယ်။ အဆိုပါ ပွဲစဉ်မှာ မက္ကဆီကိုအသင်းက ဂျမေကာအသင်း ကို တစ်ဂိုးဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။

အက်ဆွန်အယ်ဗာရက်ဇ် ရဲ့ ဒဏ်ရာအခြေအနေကို လိုအပ်တဲ့ စစ်ဆေးမှုလုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ အသင်းနည်းပြ လိုဇာနို က အက်ဆွန်အယ်ဗာရက်ဇ် အနေနဲ့ ကိုပါအမေရိကပွဲကို လွဲချော်ဖွယ်ရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အက်ဆွန်အယ်ဗာရက်ဇ် ဟာ မက္ကဆီကိုအသင်းအတွက် ပြိုင်ပွဲစုံ ၈၀ အထိ ပါဝင်ကစားခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မက္ကဆီကိုအသင်းက အမှတ်ပေးဇယား အဆင့် (၂) ကို ရောက်ရှိနေပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ