ပြင်သစ်အသင်းနှင့်အတူ နိုင်ပွဲ (၁၀၀) ပြည့်မြောက်ခဲ့တဲ့ ပြင်သစ်နည်းပြ ဒက်ချိမ့်


(အားကစား) ဇွန် ၂၀

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒက်ချိမ့် က သြစတြီးယားအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပြင်သစ် အသင်းနှင့်အတူ နိုင်ပွဲ (၁၀၀) ပြည့်မြောက်ခဲ့ ကြောင်း သိရပါတယ်။

ဒက်ချိမ့် က ပြင်သစ်အသင်းကို ၂၀၁၂ ခုနှစ် ဇွန်လက စတင်ကိုင်တွယ်ခဲ့ပြီး ပွဲပေါင်း ၁၅၄ ပွဲဖြင့် မှတ်တမ်းရရှိခဲ့ကာ ကျန် ၅၄ ပွဲမှာ ပွဲ ၃၀ သရေကျကာ ၂၄ ပွဲ ရှုးနိမ့်ခဲ့ပါတယ်။

ဒါ့အပြင် ဒက်ချိမ့် အနေနဲ့ လက်ရွေးစင်အသင်းနည်းပြသမိုင်းမှာ နိုင်ပွဲ (၁၀၀) ပြည့်မြောက်တဲ့ တတိယ မြောက်နည်းပြဖြစ်လာပြီး ဂျာမနီ အသင်းနည်းပြ ဟောင်း ဂျိုအာချင်လို က နိုင်ပွဲ ၁၂၂ ပွဲ၊ ဥရုဂွေးအသင်းနည်းပြ ဟောင်း တာဘာရက်ဇ် က ၁၀၄ ပွဲ အနိုင်ရရှိထားခဲ့တာ ဖြစ်ပါတယ်။

ဒက်ချိမ့် ဟာ အဓိကပြိုင်ပွဲ ၆ ကြိမ်(ကမ္ဘာ့ဖလား ၃ ကြိမ်၊ ယူရို ၃ ကြိမ်)နှင့်အထက် ယှဉ်ပြိုင်ဖူးတဲ့ စတုတ္ထမြောက် ဥရောပနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ