ဖောင်းပြင်မြို့နယ်နှင့်မုံရွာမြို့ပေါ်တို့တွင် အကြမ်းဖက်PDF အလောင်းများနှင့်လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ


(အကြမ်းဖက်မှု) ဇွန် ၁၈

ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ဖောင်းပြင်မြို့နယ်၊ သရောင်းအုန်းဒုတ်ကျေးရွာအနီး နယ်မြေရှင်းနေသည့် လုံခြုံရေးအဖွဲ့များနှင့်အကြမ်းဖက်PDFများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်အလောင်းများနှင့် ၎င်းတို့၏ဆက်စပ်လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်းသိရသည်။

ယင်းထိတွေ့ပစ်ခတ်မှုမှ အကြမ်းဖက်PDF ၃ လောင်း၊ အမ်-၂၂ သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ လက်လုပ်သေနတ်အရှည် ၁ လက်၊ ကျည်မျိုးစုံ ၅၀ တောင့်၊ ကျည်အိမ် ၃ ခု၊ လက်ပစ်ဗုံး ၁ လုံး၊ မိုင်းမျိုးစုံ ၅ လုံးတို့ကို သိမ်းဆည်းရမိကြောင်းသိရပါသည်။

ထို့အတူ ယင်းနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်ခန့်ကလည်း မုံရွာမြို့တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် မသင်္ကာစရာ Mark–II ခဲရောင်ယာဉ် ၁ စီးကိုတွေ့ရှိ၍ စစ်ဆေးရန် ရပ်တန့်စေရာ အတင်းမောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာအကြမ်းဖက် PDF ၁ လောင်း၊အရှင်မိအကြမ်းဖက် PDF ၁ ဦး၊ MK-12 သေနတ် ၁ လက်၊ Type-81 သေနတ် ၁ လက်၊ လက်လုပ်သေနတ်အတို ၁ လက်၊ ကျည်မျိုးစုံ ၂၇ တောင့်၊ ကျည်အိမ် ၂ ခု၊ ကား ၁ စီးတို့ကို သိမ်းဆည်းရမိကြောင်း သိရပါသည်။

#PAN