တရော်ပင်ကျေးရွာတွင် လုံခြုံရေးပူးပေါင်းပါဝင်သောအဖွဲ့အား အကြမ်းဖက် PDF များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိ


(ပြည်တွင်း) ဇွန် ၁၅

တရော်ပင်ကျေးရွာတွင် လုံခြုံရေးပူးပေါင်းပါဝင်သောအဖွဲ့အား အကြမ်းဖက် PDF များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိ


(ပြည်တွင်း) ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခတက်ချဉ်ကျေးရွာအုပ်စု၊ တရော်ပင်ကျေးရွာသို့ ယ​​နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က နယ်မြေလှည့်ကင်းဆောင်ရွက်ရန် ထွက်ခွာလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တရော်ပင်ကျေးရွာရွာအဝင်သို့ အရောက်တွင် အကြမ်းဖက် PDF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးတို့တွင် ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့ပြီး ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင် ၃ ဦးအား သပိတ်ကျင်းမြို့နယ်၊ တပ်မတော် စစ်ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ