ဝါးခယ်မမြို့နယ်တွင် အရံပြည်သူ့စစ်တစ်ဦး ပစ်ခတ်ခံရ


(မှုခင်း) ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာ/အုပ်စု၊ ချောင်းဝ(၁)ရပ်ကွက်တွင်နေထိုင်သော အရံပြည်သူစစ်တစ်ဦးအား ဇွန်လ ၁၄ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အကြမ်းဖက် PDF များမှ လာရောက်ပစ်ခတ်သွားကြောင်း သိရသည်။

ပစ်ခတ်ခံရသူ အရံပြည်သူ့စစ် ရဲရင့်အောင်၊ ၃၃ နှစ်၊ (ဘ)ဦးသန်းဝင်း၏ ဝဲနားထင် ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့သည့်အတွက် ရွှေလောင်းတိုက်နယ်ဆေးရုံသို့တင်ပို့ ကုသစဉ် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

ကိုရဲရင့်အောင် အပါအဝင် ဇနီးဖြစ်သူနှင့် သားဖြစ်သူတို့ ၃ ဦးသည် ဆိုင်ကယ်ဖြင့် အတူစီးနင်းလာပြီး ဂန္ဓာမာလမ်းပေါ်ရှိ နေအိမ်ရှေ့အရောက်တွင် ဆိုင်ကယ်အားရပ်၍ ၎င်းနှင့်သားဖြစ်သူတို့မှာ နေအိမ်ခြံဝန်းအတွင်းသို့ဝင်ရောက်စဉ် နောက်မှ ဆိုင်ကယ်ဖြင့်လိုက်လာသည့် အကြမ်းဖက်(PDF)(စိစစ်ဆဲ)အဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ