ခရီးသည်မှ ဆိုင်ကယ်ကယ်ရီမောင်းသူအား ဓားဖြင့်ထိုးကာ ထွက်ပြေး


(မှုခင်း) ဇွန် ၁၄


တာချီလိတ်မြို့နယ် ဝိန်းကျောက်ရပ်ကွက် ဦးအားဖာကွင်းအတွင်း၌ ယနေ့ ဇွန်လ (၁၄)ရက် ၊မွန်းလွဲပိုင်း ၃နာရီ ခွဲဝန်းကျင်တွင် ရွှေတာချီ ဆိုင်ကယ်တက်စီ မောင်းနှင်သူ၏လည်ပင်းအား ငှါးရမ်းစီးလာသူ အမျိုးသားမှ ဓါးဖြင့်ထိုးမှုဖြစ်ပွါးခဲ့ကြောင်း သိရသည်။

ဆိုင်ကယ် ငှါးရမ်းစီးသူမှာ ကယ်ရီ မောင်းနှင်သူနှင့် ရံဖန်ရံခါ ငှါးရမ်းစီးလေ့ ရှိသူဖြစ်ပြီး ၊ယခုရက်ပိုင်းအတွင်း အလုပ်အကိုင်မရှိ၍ ၄င်းမှ လိုက်လံပို့ဆောင်စဉ် ဓားဖြင့်အထိုးခံရခြင်း ဖြစ်ကြောင်းသိရှိရသည်။

ဓါးဖြင့် ထိုးသူမှာ တာချီလိတ်မြို့နယ် ၊ရန်အောင်မြေရပ်ကွက်တွင်းရှိ တိုက်ခန်းတခုတွင် ငှါးရမ်းနေထိုင်သူဖြစ်ကြောင်း သိရှိရသဖြင့် နယ်မြေရဲ တပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေဖမ်းဆီးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။

ဓားဖြင့် အထိုးခံရသူ ရွှေတာချီဆိုင်ကယ် တက်စီမောင်းနှင်သူအား ဦးလှမိုး ပရဟိတအသင်းမှ တာချီလိတ်ခရိုင်ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ပြီး ရွှေတာချီ ခရီးသွားလုပ်ငန်း တာဝန်ရှိသူများမှ ဆေးကုသမှုခံယူနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်းနှင့် ယမန်နေ့ညပိုင်း၌လည်း ဓားဖြင့် ထိုး၍ ဆိုင်ကယ်အား လုယက်မှု ဖြစ်ပွါးသည့်အတွက် ပြစ်မှုကျူးလွန်သည့်အဖွဲ့အားလည်း နယ်မြေတာဝန်ရှိသူများမှ လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

#PAN