ကျောင်းမဖွင့်ရန်ခြိမ်းခြောက်စာကို ကျည် ၃ထောင့်နှင့်အတူကျောင်းတံခါးတွင်လာရောက် ချိတ်ဆွဲထားဟုဆို


(အကြမ်းဖက်) ဇွန် ၂၃

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ ကြာအင်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ကျောင်းခြံ၀င်းတံခါးတွင် စာ ၁ စောင်နှင့် ၅.၅၆ ကျည် ၃ တောင့်အတူ ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူများမှ လာရောက်ချိတ်ဆွဲထားသည်ကိုတွေ့ရသည်ဟု ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

အဆိုပါ ခြိမ်းခြောက်စာတွင် လက်ရှိနိုင်ငံရေးအခြေအနေအရ ကြာအင်းကြီးကျေးရွာအတွင်းရှိ (အ.ထ.က ကျောင်း) တွင်တာဝန်ယူပညာသင်ကြားပေးနေသော ကျောင်းအုပ်၊ ဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသားများ နိုင်ငံတော် စစ်အစိုးရမှ သတ်မှတ်ထားသည့် ကျောင်းဝတ်စုံ(ဖြူစိမ်း)မဝတ်ဆင်ရန်နှင့် ကျေးရွာအဆင့်တွင် သတ်မှတ်ထားသော ကျေးရွာကိုယ်ထူကိုယ်ထကျောင်းမှ လွဲပြီး မဖွင့်ရ လိုက်နာဆောင်ရွက်ခြင်းမရှိပါက နောင်ဖြစ်လာမည့် ကိစ္စအဝဝအား တာဝန်မယူပါဆိုပြီး ရေးသားထားကြောင်း တွေ့ရှိရသည်။

ကြာအင်းကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲခြံစည်းရိုးတွင်ချိတ်ဆွဲထားသည့် ခြိမ်းခြောက်စာအား နိုင်ငံမျိုးချစ်အဖွဲ့ဆိုသည့် အမည်နှင့်ပေးပို့ခဲ့တာဖြစ်ကြောင်း ယင်းစာအရ သိရသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေ (IHL) အရ စာသင်ကျောင်းများကို မည်သည့်စစ်ရေး ရည်ရွယ်ချက်အတွက်မဆို အသုံးမပြုရန်၊ ကျောင်းသားများ၊ ဆရာ/မများနှင့် ပညာရေးတွင် ပါဝင်သည့် အခြားသူများကို တိုက်ခိုက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနှောင့်အယှက်ပေးခြင်း သို့မဟုတ် အခြားအကြမ်းဖက်မှုများကို ကျူးလွန်ခြင်း မပြုလုပ်ရန် တားမြစ်ထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ