နည်းပြ သီယာဂိုမော့တာ ကို ၃ နှစ်စာချုပ်နဲ့ နည်းပြအဖြစ်ခန့်အပ်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်း


(အားကစား) ဇွန် ၁၃

ဂျူဗင်တပ်စ်အသင်းက လစ်လပ်နေတဲ့ နည်းပြရာထူးနေရာအတွက် နည်းပြ သီယာဂိုမော့တာ ကို ၃ နှစ် စာချုပ်နဲ့ ခန့်အပ်ရန် သဘောတူညီမှုရခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၄၁ နှစ်အရွယ်ရှိ သီယာဂိုမော့တာ က ပြီးခဲ့တဲ့ မေလအတွင်းက ဘိုလော့ဂ်နာအသင်းနှင့် လမ်းခွဲပြီးနောက် ဂျူဗင်တပ်စ်အသင်း ကို ကိုင်တွယ်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၇ ခုနှစ် နွေရာသီ အထိ စာချုပ်ချုပ်ဆိုသွားမယ်လို သိရပါတယ်။

မော့တာ က ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီက ဘိုလော့ဂ်နာအသင်းကို စီးရီးအေအမှတ်ပေးဇယားအဆင့် (၅)နေရာနဲ့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဥရောပအသင်းကြီးအချိုရဲ့ စိတ်ဝင်စားခြင်းကိုခံခဲ့ရသူ ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ