တရုတ်နိုင်ငံသို့ မြန်မာလုပ်သားများ ဆက်လက်စေလွှတ်မည်


(အလုပ်အကိုင်) ဇွန် ၁၂

တရုတ်နိုင်ငံသို့ မြန်မာလုပ်သားများ ဆက်လက်စေလွှတ်မည်


(အလုပ်အကိုင်) ဇွန် ၁၂

တရုတ်နိုင်ငံကို အလုပ်အကိုင် ပါမစ်စနစ်နဲ့ မြန်မာအလုပ်သမားတွေ ဆက်လက်စေလွှတ်ဖို့ ဆောင်ရွက် နေတယ်လို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးမြတ်သူက ဇွန်လ ၁၁ ရက်နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်မှာ ပြုလုပ်တဲ့ တရုတ်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့ လုပ်သားစေလွှတ်ရေးကိစ္စနဲ့ ပတ်သက်ပြီး လုပ်ငန်းညှိနှိင်းအစည်းအဝေး အခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်၊၊

လက်ရှိမှာတော့ Pilot Project အနေနဲ့ အလုပ်သမား အယောက် ၉၀ ကျော် စေလွှတ်ထားပြီး ဆက်လက် စေလွှတ်သွားဖို့လည်း စီစဉ်ဆောင်ရွက် နေတယ်လို့ ဦးမြတ်သူက ပြောပါတယ်။

အထည်ချုပ်လုပ်သားများကို အဓိကထား စေလွှတ်နေတာဖြစ်ပြီး တရုတ်နိုင်ငံကို သွားရောက်လုပ်ကိုင်မယ့် အလုပ်သမားများအနေနဲ့ အခွင့်အလမ်း အသစ် တွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံကို အထည်ချုပ်လုပ်သားတွေ၊ ကုန်ထုတ်လုပ်ငန်းနဲ့ စားသောက်ဆိုင်လုပ်သားတွေ၊ ဆောက်လုပ်ရေးလုပ်သားတွေကို ဆက်လက်စေလွှတ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ