ရွေ့ပြောင်းလုပ်သား (Non-LA Visa) တစ်နေ့လျှင်အယောက် ၄၀၀ နှုန်း လျှောက်ထားနိုင်ပြီဟု ထိုင်သံရုံးကြေညာ ချက်ထုတ်


(နိုင်ငံတကာ) ဇွန် ၅

ရန်ကုန်မြို့တွင်ရှိသော ထိုင်းသံရုံးတွင် ရွေ့ပြောင်းလုပ်သားဗီဇာများလျှောက်ထားနိုင်ပြီဖြစ်ကြောင်း ထိုင်းသံရုံးက ထုတ်ပြန်ကြေညာထားသည်။

ထိုင်းသံရုံး၏ကြေညာချက်တွင် ရွေ့ပြောင်းလုပ်သား (Non-LA Visa) များအား တစ်နေ့လျှင်အယောက် ၄၀၀ နှုန်းဖြင့် လျှောက်ထားနိုင်ပြီး MOUကုမ္ပဏီများအနေဖြင့် သံရုံး Website မှတစ်ဆင့် ဘွတ်ကင် ယူပြီးမှသာ လျှောက်ထားနိုင်မှာဖြစ်သည်ဟု ပါရှိသည်။
https://thaiconsularyangon.com/labour-visa/
ဗီဇာလျှောက်ထားခြင်းလုပ်ငန်းစဉ်သည် အစိုးရရုံးဖွင့်ရက်(၃)ရက်ခန့် ကြာမြင့်မည် ဥပမာ-တနင်္လာနေ့လာလျှောက်လျှင် ဗုဒ္ဓဟူးနေ့ တွင်ဗီဇာရရှိမည်ဖြစ်ပြီး ဗီဇာလျှောက်ထားရာတွင် လျှောက်ထားသူများသည် ချမှတ်ထားသောစည်းမျဉ်းများအတိုင်းလိုက်နာလျှောက်ထားစေလိုပါဟုလည်း ပြောသည်။

သတိထားရန်အချက်များအနေဖြင့် သံရုံး website မှတဆင့် ဘွတ်ကင်တင်ရန် လိုအပ်ခြင်း။ မိမိရရှိသောရက်ချိန်းအတိုင်း သံရုံးသို့ ဗီဇာလာရောက် လျှောက်ထားရန်။
လျှောက်ထားဗီဇာရရှိပြီးပါက မိမိကိုယ်ရေးကိုယ်တာ အချက်အလက်များအား ဗီဇာစာမျက်နှာပေါ်တွင် မှန်မမှန်သေချာစွာစစ်ဆေးရန်နှင့် မှန်ကန်မှသာ လေကြောင်းလက်မှတ်ဝယ်ယူခြင်း ပြုလုပ်ပါရန်။

ရွေ့ပြောင်းလုပ်သားဗီဇာ (Non- LA Visa) သည် ဗီဇာရရှိပြီးချိန်မှ ရက်ပေါင်း (၉၀) အတွင်း အကျုံးဝင်သောကြောင့် MOU ကုမ္ပဏီများအနေဖြင့် ထွက်ခွာရန်လိုအပ်သော အခြားပြင်ဆင်မူများကို ၎င်းအချိန်တွင်းပြင်ဆင်နိုင်ပါသည်ဟု ပြောဆိုထားသည်။

ထို့အပြင် ထိုင်းနိုင်ငံလူဝင်မူကြီးကြပ်ရေးဌာန (The Immigration Office of Thailand) သည် ရွေ့ပြောင်းလုပ်သားဗီဇာများအားနေထိုင်ခွင့်(၂နှစ်)ကိုအခကြေးငွေထပ်မံကောက်ခံခြင်းမရှိပဲ စတင်ဝင်ရောက်သည့်နေ့မှစ၍ ခွင့်ပြုပေးထားသည်လည်း ကြေညာထားသည်။

မိမိ၏လိုအပ်ချက်နှင့် ပေါ့လျော့မှုများကြောင့်ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ပြဿနာများအား သံရုံးမှ တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ဘူးလို့ပြောဆိုထားပြီး လေယာဉ်လက်မှတ်အား ဗီဇာမရရှိမှီကြိုတင်ဝယ်ယူပြီး သံရုံးအားအစိုးရရုံးဖွင့်ရက်(၃)ရက်မတိုင်မှီရစေရန် ဖိအားပေး တောင်းဆိုခြင်းများကိုလက်ခံလုပ်ဆောင်ပေးမည်မဟုတ်ဘူးဟု ထိုင်းသံရုံး ရန်ကုန်မြို့က ဇွန်လ ၅ ရက်နေ့ ရက်စွဲဖြင့်ကြေညာထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ