ဇွန် ၅
ပြည်တွင်းထုတ်လုပ်ဖို့ SKD/CKD စနစ်နဲ့ တင်သွင်းမယ့် လောင်စာဆီသုံးယာဉ်တွေကို အမျိုးအစားပေါ် မူတည်ပြီး အကောက်ခွန်နှုန်းထားတွေ လျှော့ချသတ်မှတ်ပေးလိုက်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါတယ်။
စီးပွားရေးပြန်လည်ကောင်းမွန်တိုးတက်လာစေဖို့နဲ့ ပြည်တွင်း(MSME)လုပ်ငန်းတွေ အထောက်အကူပြုစေဖို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)ရဲ့ ခွင့်ပြုချက်နဲ့ ပြည်တွင်းမှာ ထုတ်လုပ်မယ့် လောင်စာဆီသုံးယာဉ်တွေကို SKD စနစ် နဲ့ CKD စနစ်တို့နဲ့ တင်သွင်းမှုအတွက် အကောက်ခွန်နှုန်းထားတွေကို ဖြေလျှော့ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
2000 CC အောက်၊ 2001 CC အထက် လူစီးမော်တော်ယာဉ်တွေရဲ့ အကောက်ခွန်နှုန်းထား SKD အတွက် ၅ ရာခိုင်နှုန်းနဲ့ CKD အတွက် ၃ ရာခိုင်နှုန်း၊ သုံးဘီး မော်တော်ဆိုင်ကယ်(လူစီး)တွေရဲ့ SKD အတွက် ၃ ရာခိုင်နှုန်းနဲ့ CKD အတွက် ၁ ဒသမ ၅ ရာခိုင်နှုန်းကို ဖြေလျှော့ပေးလိုက်တာဖြစ်ပါတယ်။
သုံးဘီးမော်တော်ဆိုင်ကယ်(ကုန်တင်)၊ Bus တွေနဲ့ Truck/Body Building ပြုလုပ်ဖို truck တွေရဲ့ SKD အတွက် ၃ ရာခိုင်နှုန်းနဲ့ CKD အတွက် ၃ ရာခိုင်နှုန်းကို ဖြေလျှော့ပေးလိုက်တယ်လို့ ဆိုပါတယ်။
အလားတူ မော်တော်ဆိုင်ကယ်တွေရဲ့ SKD နဲ့ CKD နှစ်ခုစလုံးကိုလည်း ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ဖြေလျှော့ပေးခဲ့လိုက်ပါတယ်။ အခုလို အကောက်ခွန်နှုန်းထား ဖြေလျှော့ပေးမှုဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁ ရက်ကနေ ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်အထိ အကျိုးသက်ရောက်စေရမယ်လို့ အမိန့်ကြော်ငြာစာအရ သိရပါတယ်။
Telegram>>…
https://t.me/positiveanglenews