(နိုင်ငံတကာ) မေ ၃၁
အမေရိကန်က ဒုံးကျည်စနစ်ကို ဖိလစ်ပိုင်တွင် ဖြန့်ကြက်ခြင်းက အာရှ-ပစိဖိတ်ဒေသတစ်ခုလုံးအား ခြိမ်းခြောက်မှုအောက်သို ရောက်ရှိစေဟု တရုတ်ပြော
(နိုင်ငံတကာ) မေ ၃၁
အမေရိကန် က ၎င်းတို၏ တာလတ်ပစ်ဒုံးကျည်စနစ်တစ်ခုကို ဖိလစ်ပိုင်တွင် ဖြန့်ကြက်လိုက်ခြင်းသည် အာရှ-ပစိဖိတ်ဒေသတစ်ခုလုံးအား အမေရိကန်၏လက်နက်ခြိမ်းခြောက်မှုအောက်သို့ ရောက်ရှိစေကြောင်း တရုတ် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မေလ ၃၀ ရက်တွင် ပြောသည်။
အမေရိကန်၏ လုပ်ဆောင်ချက် ကို တရုတ်နိုင်ငံက သတိထားစောင့်ကြည့်လျက်ရှိပြီး ယင်းလုပ်ဆောင်ချက်ကို ဆန့်ကျင်ကြောင်း၊ အမေရိကန်တို သည် စစ်ရေးလေ့ကျင့်မှုများကို အကြောင်းပြ၍ ဖိလစ်ပိုင်နိုင်ငံတွင် ၎င်းတို၏ Typhon ဒုံးကျည်စနစ်ကို ဖြန့်ကြက်ခြင်း ဖြစ်ကြောင်း တရုတ်အစိုးရက တုံပြန်ထားသည်။
ထို့ပြင် အမေရိကန်၏ ယခုလုပ်ဆောင်ချက်သည် စစ်အေးတိုက်ပွဲပြီးဆုံးချိန်မှ စ၍ ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့၏ တာလတ်ပစ်ဒုံးကျည်စနစ်ကို အာရှ-ပစိဖိတ်ဒေသ၌ ဖြန့်ကြက်ခြင်းဖြစ်ရာ အမေရိကန်နှင့်ဖိလစ်ပိုင်တို၏ လုပ်ဆောင်ချက်သည် ဒေသတွင်းတည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးကို လျော့ပါးစေမည်ဖြစ်ကြောင်း တရုတ်ကာကွယ် ရေးဝန်ကြီးဌာန က ဆက်လက်ပြောကြားသည်။
ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နှင့် စစ်ရေးပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းသည် အာဆီယံနိုင်ငံများအတွက် ချမှတ်ထားသည့် လမ်းညွှန်ချက်မှသွေဖည်ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံက ဆက်လက်တုံပြန်ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။
Telegram>>…
https://t.me/positiveanglenews