ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာ-ဂျပန်ပွဲအတွက် ကြိုတင်လက်မှတ်များ ရောင်းချမည်


(အားကစား) မေ ၃၀

မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ်က ဇွန် ၆ ရက်တွင် ရန်ကုန်မြိုရှိ သုဝဏ္ဏကွင်း၌ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲဖြစ်သော မြန်မာ-ဂျပန်ပွဲအတွက် ကြိုတင်လက်မှတ်များ ရောင်းချမည်ဖြစ်သည်။

ကြိုတင်လက်မှတ်များကို ဇွန် ၄ ရက်မှ စတင်ရောင်းချမည်ဖြစ်ပြီး အထူးတန်း ကျပ် ၅၀၀၀၊ ရိုးရိုးတန်း ကျပ်၂၀၀၀ သတ်မှတ်ထားသည်။ ကြိုတင်လက်မှတ်များကို ဇွန် ၄ ရက်နှင့် ၅ ရက်တွင် နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ သုဝဏ္ဏကွင်းအတွင်း ဂိတ်အမှတ်-၂ ၌ ရောင်းချမည်ဖြစ်ပြီး ဝယ်ယူသူပရိသတ်များအနေဖြင့် မှတ်ပုံတင် သိုမဟုတ် ယာဉ်မောင်း လိုင်စင်ယူဆောင်လာရမည်ဖြစ်ပြီး မှတ်ပုံတင်တစ်ခုလျှင် လက်မှတ်နှစ်စောင်နှုန်း ရောင်းချမည်ဖြစ်သည်။ ရောင်းချရန် လက်မှတ်များကျန်ရှိနေပါက ပွဲကစားမည့် ဇွန် ၆ ရက်တွင် ထပ်မံရောင်းချမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲချုပ်သည် ၁၀ နှစ်အောက် ကလေးများကိုမူ အခမဲ့ကြည့်ရှုခွင့်ပြုသွားမည်ဖြစ်သည်။

မြန်မာအသင်းနှင့် ဂျပန်အသင်းတို၏ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဇွန် ၆ ရက် ညနေ ၆ နာရီ မိနစ် ၄၀ တွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ