နှစ်ပေါင်း ၉၀၀ သက်တမ်းရှိ ကြေးဝါပန်းပုရုပ်နှစ်ခုကို ထိုင်းနိုင်ငံက အမျိုးသားပြတိုက်မှာ ပြသထား


(နိုင်ငံတကာ) မေ ၃၀

နှစ်ပေါင်း ၉၀၀ သက်တမ်းရှိသည့် ကြေးဝါပန်းပုရုပ်နှစ်ခုကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အမျိုးသားပြတိုက်ရှိ မဟာဆူရာ ဆင်ဟာနတ် အဆောက်အဦရှိ Lopburi အခန်းတွင် ပြသထားကြောင်း သိရသည်။

“ရွှေကောင်လေး” နှင့် “ဒူးထောက်ကောင်မလေး” လို့အမည်ရသော အဆိုပါ ကြေးဝါပန်းပုရုပ်နှစ်ခုကို မေလ ၂၅ ရက်နေ့က စတင်ပြီး အများပြည်သူကြည့်ရှု့လေ့လာနိုင်ရန် ပြသထားကြောင်း သိရသည်။

“ရွှေကောင်လေး”နှင့် “ဒူးထောက်ကောင်မလေး” လို့အမည်ရသည့် အဆိုပါ ကြေးဝါပန်းပုရုပ်နှစ်ခုဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင်ရှိသည့် မိုးလေဝသနအနုပညာပြတိုက်( The MET) ထံကို တရားမဝင်ကြမ်းကြောင်းမှ ရောက်ရှိခဲ့ခြင်းကြောင့် ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနက တောင်းဆိုချက်အရ ထိုင်းကို ပြန်ပေးရန် သင့်တော်သည်ဟုသတ်မှတ်သည့်အတွက် မေလ ၂၀ ရက်နေ့တွင် ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကြေးနီပန်းပုတွေဟာ သတ္တုတူးဖော်ခြင်း နည်းပညာ တိုးတက်လာမှုရဲ့ ထူးခြားတဲ့ ဥပမာတွေပဲ ဖြစ်ပြီး သူတို့ဟာ ထိုင်းနိုင်ငံ၏ သမိုင်းဝင် ကြီးပွားချမ်းသာမှုကို ထင်ဟပ်စေခဲ့ပြီး အလွန်ကောင်းမွန်သည့် လက်မှုပညာကို ပြသနေသည့်ဟု ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနကပြောသည်။

ယင်းရုပ်တုတွေကို ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှာ တွေ့ရသည့် တခြားခေတ်ပြိုင်ရုပ်တုများနှင့် နှိုင်းယှဉ်လေ့လာနိုင်ကြောင်းသိရပြီး ယခု ရှေးဟောင်းလက်ရာတွေကို ဆီဆာခတ်ပြည်နယ် ပရာဆက်ဆာကမ်ဖောင်ယိုင်က ဆက်စပ်ကြေးဝါရုပ်ထုကြီးနဲ့အတူ ပြသထားတာဖြစ်ကာ ၁၁ ရာစုက ထိုင်းနိုင်ငံရဲ့ အနုပညာအမွေအနှစ်အဖြစ် လာရောက်လေ့လာနိုင်ကြောင်း ထိုင်းယဉ်ကျေး မှုဝန်ကြီးဌာန၏ ပြောဆိုချက်အရ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ