G-9 အောင်ပြီးသူများ သမဝါယမစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို တက်ရောက်နိုင်


(ပြည်တွင်း) မေ ၂၈

G-9 အောင်ပြီးသူများ သမဝါယမစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းသို တက်ရောက်နိုင်


(ပြည်တွင်း) မေ ၂၈

အခြေခံပညာစနစ်သစ် Grade-9 အောင်မြင်ပြီးသူများအနေနဲ့ သမဝါယမစာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်းမှာ အထက်တန်းပညာရေးနှင့် စာရင်းကိုင်သက်မွေးပညာကို တွဲဖက် သင်ကြားရန် တက်ရောက်နိုင်ကြောင်း သိရပါတယ်။

မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ် တို့ရှိ သင်တန်းကျောင်းများမှာ ၃ နှစ်တာ တက်ရောက်ရမှာဖြစ်ပြီး လာမယ့်ဇွန်လ ၁၇ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

လျှောက်ထားလိုသူများအနေနဲ့ အခြေခံပညာစနစ်သစ် Grade-9 အောင်မြင်ပြီးသူဖြစ်ရမည်ဖြစ်ကာ၊ ကျန်းမာရေးကောင်းမွန်သူ၊ ပြည်ထောင်စု မြန်မာနိုင်ငံသား အိမ်ထောင်မရှိသူ(လူပျို/အပျို)နှင့် သင်တန်းမှချမှတ်ထားသော စည်းမျဥ်း/စည်းကမ်းများကို လိုက်နာနိုင်သူတွေအနေနဲ့ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်နိုင်ရမည်ဖြစ်ကာ သင်တန်းပြီးဆုံးပါက Certificate in Business Accounting(စီးပွားရေးစာရင်းကိုင်ပညာ) အောင်လက်မှတ်ကို ရရှိမည့်အပြင် သတ်မှတ်ထားသော အရည်အချင်းများပြည့်မီပါက သမဝါယမကောလိပ်များသို ပေါင်းကူး၍ ဆက်လက်ပညာသင်ကြားနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။

သင်တန်းတက်ရောက်လျှောက်ထားလိုသူများအနေဖြင့် သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာ သင်တန်းကျောင်း(တောင်ကြီး)၊(မကွေး)၊(မန္တလေး)၊(ပုသိမ်)၊ (မော်လမြိုင်)တို့မှာ လျှောက်လွှာများ ဝယ်ယူနိုင်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅ ရက် နောက်ဆုံးထား၍ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ ၁ စောင်၊ လိုင်စင်ဓာတ်ပုံ ၃ ပုံ၊ ရပ်ကွက်ထောက်ခံစာမူရင်းနှင့် ပညာအရည်အချင်း ထောက်ခံစာမူရင်းတို့ကို ပူးတွဲတင်ပြကာ လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ