တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆိုင်ကယ်များနှင့် ယာဉ်များ သိမ်းဆည်းရမိ


(မှုခင်း) မေ ၂၈

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ သည်။

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာ မေ ၂၁ ရက် တွင် ချောက်မြို့ ချောက်ရေနံမြေ၌ တရားမဝင် ရေနံစိမ်းဂါလန် ၃၀၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀) ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေအရလည်းကောင်း၊ ငဖဲမြို့နယ် ပဒါန်းကျေးရွာ လမ်းဆုံ၌ လိုင်စင်မဲ့ Luojia 125 ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၀၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ သရက်ခရိုင် မင်းတုန်းမြို့နယ်၌ တရားမဝင် အခြားသစ် ၂ ဒသမ ၅၃၅ တန် (ခန့်မှန်းတန်ဖိုးငွေ ၁၀၁၉၅၀၆ ကျပ်) ကို သစ်တောဥပဒေအရလည်းကောင်း၊ မေ ၂၂ ရက်တွင် သရက်ခရိုင် ကံမမြို့နယ်၌ တရားမဝင် အခြားသစ် ၁ ဒသမ ၁၆၁ တန်(ခန့်မှန်းတန် ဖိုးငွေ ၃၀၅၀၂၁ ကျပ်) ကို သစ်တောဥပဒေအရလည်းကောင်း၊ မေ ၂၄ ရက်တွင် အောင်လံမြို့နယ် ဘွက်ကြီးတံတား စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Taryan Wave 110 ဆိုင်ကယ် တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၀၀၀၀၀) နှင့် ဧရာဝတီတံတား (မကွေး) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Honda Fit ယာဉ်တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေ ၁၄၃၂၄၅၂၇ ကျပ်ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မေ ၂၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် အတွင်း၌ တရားမဝင်ကျွန်းသစ် ၃ ဒသမ ၀၀၂ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၉၅၉၃၀) ကို သစ်တောဥပဒေ အရလည်းကောင်း၊ ‌ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌ သံဖြူဇရပ်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် ထိုင်းနိုင်ငံထုတ် Deedo လိမ္မော်အချိုရည်ဘူး ၃၆၀၀၊ ပုစွန် နှစ်ကောင်စား အုန်းဆီ တစ်လီတာပါဘူး ၁၂၀၀ အပါအဝင် ကုန်ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၃၂၈၀၀၀၀) နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် စက်မှုဇုန်ထုတ် TT Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၄၆၇၅၉၃၀ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၂၁ ရက်၊ ၂၂ ရက်၊ ၂၄ ရက်နှင့် ၂၇ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲကိုးမှု (ခန့်မှန်းတန်ဖိုးငွေ ၅၉၀၀၀၄၅၇ ကျပ်) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ