ခရီးသွားများအကြား ခေတ်စားလာတဲ့ Camp၊ Farming ၊ Day Trip ခရီးစဉ်နေရာများ လိုင်စင်ပြုလုပ်နိုင်ရန် ဆောင်ရွက်နေ


(ပြည်တွင်း) မေ ၂၈

ခရီးသွားများအကြား ခေတ်စားလာတဲ့ Camp ခရီးစဉ်နေရာများ၊ Farming ခရီးစဉ်များ၊ Day Trip သွားနိုင်တဲ့ နေရာများနှင့် ပတ်သက်၍ စနစ်တကျဖွံဖြိုးရေးအတွက် လိုင်စင်ပြုလုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။

ကိုဗစ်ကာလနောက်ပိုင်းမှာ ထိုကဲ့သိုခရီးစဉ်များ စတင်များပြားလာပြီး နောက်ပိုင်းကာလများမှာ မြို့ပြ မွန်းကျပ်မှုများကို ရှောင်ရှားရန် သွားလာအပမ်းဖြေကြကြောင်း သိရပါတယ်။

အဆိုပါ လိုင်စင်ကို မည်သည့်အချိန်တွင် ပြုလုပ်ပေးနိုင်ရန် မသိရှိရသေးဘဲ အခြားဝန်ဆောင်မှု လိုင်စင်အနေနဲ့ ဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အခုလို ထိန်းချုပ်မှုရှိပါက သွားရောက်အပန်းဖြေသူများအတွက်လည်း အရည်အသွေးအာမခံမှု ရှိလာနိုင်ကာ အလုပ်လုပ်သူများအတွက်လည်း ၎င်းတို့ရဲ့ရင်းနှီးမြုပ်နှံမှုနှင့်အတူ တရားဝင်ရပ်တည်ရေး အဆင်ပြေစေရန် ဆောင်ရွက်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ