၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားမယ့် မြန်မာအသင်းရဲ့ ကစားသမားစာရင်း ထုတ်ပြန်


(အားကစား) မေ ၂၇

၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားမယ့် မြန်မာအသင်းရဲ့ ကစားသမားစာရင်း ထုတ်ပြန်


(ပြည်တွင်း) မေ ၂၇

ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ကစားမယ့် မြန်မာအသင်းရဲ့ ကစားသမား စာရင်းကို မေလ ၂၆ ရက် ညနေပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။

အဆိုပါ ကစားသမားစာရင်းကို မြန်မာအသင်း နည်းပြချုပ် မိုက်ကယ် ဖိုင်တန်ဘိုင်နာ က ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်ပြီး အသင်းအားကစားသမား ၃၃ ဦး နဲ့ ဖွဲစည်းခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်း ကစားသမားစာရင်းမှာ ပြည်ပကလပ်အသင်းများမှာ ကစားနေတဲ့ လက်ရွေးစင်ကစားသမား များဖြစ်ကြတဲ့ ဟိန်းဖြိုးဝင်း၊ ကျော်မင်းဦး၊ စိုးမိုးကျော်၊ မြတ်ကောင်းခန့်၊ လွင်မိုးအောင်၊ ဟိန်းထက်အောင်၊ မောင်မောင်လွင်၊ အောင်သူ ၊ စူလမာန်၊ ဝင်းနိုင်ထွန်း၊ အောင်ကောင်းမာန်နှင့် သက်ပိုင်တို့ ပါဝင်နေပါတယ်။

ဂျပန်နှင့် တွေ့ဆုံမယ့်ပွဲစဉ်ကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ လာမယ့် ဇွန်လ ၆ ရက် ညနေ ၆ နာရီ မိနစ် ၄၀ မှာ ကစားသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇွန်လ ၁၁ ရက်မှာ လာအိုနိုင်ငံမှာ မြောက်ကိုရီးယားအသင်းနှင့် ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ