၂၀၂၆ ချန်ပီယံဗိုလ်လုပွဲကို ပွတ်ရှ်ကပ် Arena မှာ ကျင်းပမည်
(အားကစား) မေ ၂၄
၂၀၂၆ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ကို ဟန်ဂေရီနိုင်ငံ၊ ပွတ်ရှ်ကပ် Arena ဘောလုံးကွင်းမှာ ကျင်းပ သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီဆုံးဖြတ်ချက်ကို အိုင်ယန်လာနိုင်ငံ၊ ဒဗ္ဗလင်မြို့မှာ မေလ ၂၂ ရက်က ပြုလုပ် ခဲ့တဲ့ ယူအီးအက်ဖ်အေရဲ့ ကော်မတီအစည်းအဝေးပွဲမှာ တရားဝင်ကြေညာသွားခဲ့ပါတယ်။
ပွတ်ရှ်ကပ် Arena ဘောလုံးကွင်းဟာ ပရိသတ်ပေါင်း ၆၇,၀၀၀ ကျော်ဆံ့တဲ့ ကွင်းဖြစ်သလို အခုလက်ရှိ ဟန်ဂေရီလက်ရွေးစင်အသင်းရဲ့ အိမ်ကွင်းလည်းဖြစ်ပါတယ်။
၂၀၂၆ ယူရိုပါလိဂ်နဲ့ ၂၀၂၇ ကွန်းဖရန့်လိဂ် ဗိုလ်လု ပွဲစဉ်နှစ်ခုလုံးကို တူကီယဲနိုင်ငံ၊ အစ္စတန်ဘူမြို့က ဘက်ဆစ်တပ်ကွင်းမှာ ကျင်းပသွားမှာဖြစ်တယ်လို့လည်း ယူအီးအက်ဖ်အေက တရားဝင်ကြေညာသွားခဲ့ပါသေးတယ်။
၂၀၂၆ ကွန်းဖရန့်လိဂ်ဗိုလ်လုပွဲစဉ်ကို ဂျာမနီနိုင်ငံက လစ်ပ်ဇစ်အသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပြီး ၂၀၂၇ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်ကို ဂျာမနီနိုင်ငံ ဖရန့်ဖတ်အသင်းရဲ့ အိမ်ကွင်းမှာ ကျင်းပသွားမယ်လိုလည်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews