တရုတ်နိုင်ငံ CAFE SHOW CHINA 2024 ပြပွဲတွင် မြန်မာ နိုင်ငံမှကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်

တရုတ်နိုင်ငံ CAFE SHOW CHINA 2024 ပြပွဲတွင် မြန်မာနိုင်ငံမှကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသရန် ဖိတ်ခေါ်


(နိုင်ငံတကာ) မေ ၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၌ကျင်းပမည့် CAFE SHOW CHINA 2024 ပြပွဲသို့ မြန်မာနိုင်ငံမှ ကော်ဖီလုပ်ငန်းရှင်များအား ပါဝင်ပြသရန်ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။

ပေကျင်းမြို့၌ ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃၀ ရက် ကနေ စက်တင်ဘာလ ၁ ရက်အထိ CAFE SHOW CHINA 2024 ကို ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမှစိတ်ပါဝင်စားတဲ့ ကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ကြောင်း သိရပါတယ်။

ယခင် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သည့် CAFE SHOW တွင် သံရုံးများ၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်သူ အသင်းအဖွဲများနှင့် ကော်ဖီလုပ်ငန်းရှင်များ ပါဝင်ပြသခဲ့ပြီး ယခုနှစ်ကျင်းပပြုလုပ်မည့် ပွဲတွင်လည်း အလားတူ ဖိတ်ခေါ်ထားပါတယ်။

တရုတ်နိုင်ငံတွင် လူဦးရေသန်းပေါင်း တစ်ထောင်လေးရာသုံးဆယ်ခန့်ရှိပြီး ကော်ဖီသောက်သုံးနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတာကြောင့် ကြီးမားတဲ့ကော်ဖီဈေးကွက်ကြီးဖြစ်နေ၍ အခွင့်အလမ်းကောင်းများ ရှိနိုင်ကြောင်း မျှော်လင့်နေကြတာဖြစ်ပါတယ်။

အဆိုပါ ကုန်စည်ပြပွဲတွင် ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံကော်ဖီအသင်းအဖွဲများနှင့် လုပ်ငန်းရှင်များရဲ့ အမည်စာရင်းအား မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၂၊ E-mail: event.td. [email protected] သို ဇူလိုင်လ ၁ ရက်(တနင်္လာနေ့)နောက်ဆုံးထားပြီး ပေးပိုနိုင်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ