Promotion Conference on 21st CAEXPO ပွဲသို စိတ်ပါဝင်စားတဲ့ ကုန်သည်လုပ်ငန်းရှင်များ ပါဝင် တက်ရောက်နိုင်


(စီးပွားရေး) မေ ၂၄

(၂၁) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် စိတ်ပါဝင်စားသည့် ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ပါဝင်တက်ရောက်နိုင်ကြောင်း အသိပေးထားပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်ကာ တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၀၄ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် နှစ်စဉ်ကျင်းပခဲ့ကြောင်း သိရပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲက တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အတွင်းရေးမှူးချုပ်ရုံးနှင့် ကုန်စည်ပြပွဲဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်တဲ့ တာဝန်ခံ ဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၄ ရက် ကနေ‌ ၂၈ ရက်အထိ ကျင်းပြမှာ ဖြစ်ပါတယ်။

အဆိုပါပြပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိင်းဆွေးနွေးရန် တရုတ်-အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်အဖွဲက မြန်မာနိုင်ငံသို လာရောက်ကာ ပြပွဲကျင်းပရေးဆိုင်ရာသတင်းအချက်အလက်များကို ရှင်းလင်းမျှဝေမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ Promotion Conference on 21st CAEXPO အား ဇွန်လ ၃ ရက်နေ့ တွင် Wyndham Grand Yangon Hotel ရှိ U Bein 1 ခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး (၂၁) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ CAEXPO တွင် ပါဝင်ပြသရန် စိတ်ပါဝင်စားတဲ့ မြန်မာကုမ္ပဏီများအနေနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ Email : event.td. [email protected] နှင့် ဖုန်းနံပါတ် ၀၁-၃၈၅၃၂၃၊ ၀၆၇ -၄၀၈၆၂၂ သို မေးမြန်စုံစမ်း၍ စာရင်းပေးသွင်း နိုင်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN

SZ