ဗြိတိန်ရွေးကောက်ပွဲ ကြေညာမှုကြောင့် ချားလ်ဘုရင်၏ အလည်အပတ်ခရီးစဉ် ဖျက်သိမ်း


(နိုင်ငံတကာ)မေ ၂၃

ဝန်ကြီးချုပ် ရီရှီဆူးနက်၏ ရွေးကောက်ပွဲကျင်းပမည့်ရက် ကြေညာပြီးနောက်ပိုင်းတွင် ချက်ရှိုင်းယားဒေသသို့သွားရောက်မည့် ချားလ်ဘုရင်၏ အလည်အပတ်ခရီးစဉ် ဖျက်သိမ်းခဲ့ကြောင်းသိရသည်။

ဇူလိုင်လ အစောပိုင်းတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထု၏ အာရုံထွေပြားမည်စိုးသောကြောင့် ယခုကဲ့သို့ ဖျက်သိမ်းလိုက်ကြောင်း ဘာကင်ဟမ်နန်းတော်မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကင်ဆာရောဂါ ခံစားနေရသည့် ချားလ်ဘုရင်သည် ဆရာဝန်များ၏ ခွင့်ပြုချက်ကြောင့် နန်းတော်တာဝန်များ ပြန်လည်ထမ်းဆောင်နေပြီဖြစ်ကြောင်းသိရသည်။

ထို့အပြင် ရွေးကောက်ပွဲကာလအတွင်း ဂျပန်နိုင်ငံသို့ အလည်အပတ်သွားရောက်ရန် ရှိသော်လည်း ဖျက်သိမ်းခြင်းဆိုင်ရာ အဆုံးအဖြတ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုံးဖြတ်သွားမည်ဟု သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN

AMK #SZ