မေ ၂၁
ယခုနှစ် ပထမသုံးလပတ်အတွင်း ရုရှားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ၅ ဒသမ ၄ ရာခိုင်နှုန်း ရှိကြောင်း စာရင်းအင်းဌာနက ထုတ်ပြန်သည်။ နယ်ပယ်တစ်ခုချင်းစီအနေဖြင့် ကြည့်ပါက လက်လီရောင်းချမှု ကဏ္ဍက ၁၀ ဒသမ ၅ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍ က ၈ ဒသမ ၈ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍ က ၃ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။ ယခုကဲ့သို့ တိုးတက် မှုသည် စီးပွားရေးဝန်ကြီးဌာန၏ ကြိုတင်ခန့်မှန်းချက်နှင့် ကိုက်ညီမှု ရှိသော် လည်း ရုရှားဘက် ၏ ခန့်မှန်းချက်ဖြစ်သော ၄ ဒသမ ၆ ရာခိုင်နှုန်းထက်ပိုများကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
အနောက်အုပ်စုနိုင်ငံများက ရုရှားနိုင်ငံအပေါ် တင်း ကျပ်သောပိတ်ဆို့မှုများစွာ ချမှတ်ထားသည့်ကြားမှ ရုရှားနိုင်ငံအနေဖြင့် ယခုကဲ့သို့ စီးပွားရေးတိုးတက်လာခြင်း ဖြစ်သည်။ အဆိုပါ ပိတ်ဆို့မှုများကြောင့် ၂၀၂၂ ခုနှစ် တွင် စီးပွားရေးသည် ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ ၂၀၂၃ ခုနှစ်တွင်မူ စီးပွားရေးပြန်တက်လာပြီး ၃ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်မှုရှိကြောင်း စာရင်းအင်းဌာနက ထုတ်ပြန်သည်။
အလားတူ ၂၀၂၄ ခုနှစ်အတွင်း ရုရှား နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံများထက် တိုးတက်မှုနှုန်း ပိုမိုမြန်ဆန်မည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ဧပြီလ တွင် ထုတ်ပြန်ထားသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။
#PAN